Death on the Border
ဒီဇာတ်ကားလေးက Crime, Drama, Mystery အမျိုးအစားဖြစ်ပြီး Machete က မင်းသားကြီး Danny Trejo က ဖာသာအဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယ်စပ်မြို့လေးမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို လူကုန်ကူးနေတဲ့မူးယစ်ဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က ဒီလုပ်ငန်းကို ဒေသခံရဲတချို့နဲ့ပါ ပူးပေါင်းလုပ်ဆောင်နေတဲ့အတွက် သူတို့ကို တားဆီးမယ့်သူ ဖမ်းဆီးအရေးယူမယ့်သူမရှိပါဘူး။ တစ်နေ့မှာတော့ မက်ဒီဆိုတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာခဲ့ပြီး ဖမ်းလာတဲ့မိန်းကလေးတွေကို ကယ်သွားပါတယ်။ ဒီကိစ္စကို ရဲအရာရှိ ရွန်ဒါကစုံစမ်းရင်း ရည်ရွယ်ချက်အမှန်ကို သိလိုက်ရတဲ့အခါမှာတော့ သူလည်း ရဲအလုပ်ကိုစွန့်လွတ်ပြီး မက်ဒီနဲ့ပူးပေါင်းကာ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို လိုက်လံကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ဆောင်ချက်က ထိရောက်မှုမရှိပဲ လူကုန်ကူးမှုတွေကရှိနေဆဲပါပဲ။ အဲဒီတော့ မက်ဒီနဲ့ရွန်ဒါတို့ဟာ လူကုန်ကူးနေတဲ့မူးယစ်ဂိုဏ်းကို အမြစ်ဖြတ်နိုင်ပါ့မလားဆိုတာစိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း