ဇာတ်ကားများ ရွေးရန်

Pippa

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့ပူပူနွေးနွေးထွက်ရှိထားတဲ့ အက်ရှင်ဒရာမာဇာတ်ကားဖြစ်တဲ့ " Pippa"ကိုတင်ဆက်ပေးလိုက်ပါတယ်.. ဒီကားကတော့၁၉၇၁အိန္ဒိယပါကစ္စတန်စစ်ပွဲမှာ ရှေ့တန်းထွက်တိုက်ခိုက်ခဲ့တဲ့၄၅တပ်ရဲ့ကပ္ပတိန်ဘာလ်ရမ်ဆင်းန်မယ်ထာရဲ့ ဘဝကိုအခြေခံရိုက်ကူးထားတဲ့ စစ်ရေးအတ္တုပတ္တိဇာတ်ကားကောင်းလေးဖြစ်တာမို့ စစ်ပွဲသမိုင်းကြောင်းတွေကိုစိတ်ဝင်စားသူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်... ဒီကားလေးမှာတော့အိန္ဒိယပါကစ္စတန်ရဲ့စစ်ပွဲသမိုင်းအကြောင်းတွေကို ထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘင်္ဂလားဒေ့ရှ်ဘင်္ဂါလီလူမျိုးဖြစ်ပေါ်လာပုံကိုပါ ရိုက်ကူးထားပါတယ်.... ကိုယ့်လူမျိုးမဟုတ်ပေမဲ့ဒုက္ခရောက်နေကြတဲ့ အရှေ့ပါကစ္စတန်တွေကိုကယ်တင်ဖို့ရာ ဘာလ်ရမ်တို့ညီအကိုဟာရှေ့တန်းထွက်တိုက်ခဲ့ရပြီး အစ်ကိုဖြစ်သူရမ်ဟာ ပါကစ္စတန်အစိုးရစစ်တပ်လက်ထဲ ကျရောက်သွားချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ.... ဒီ၂နိုင်ငံကြားကစစ်ပွဲကဘယ်လိုစပြီး ဘယ်လိုအဆုံးသတ်သွားသလဲဆိုတာကို အိန္ဒိယဖက်ကအမြင်နဲ့ကြည့်ရှူ့ရမှာဖြစ်ပါတယ်.... ဒီကားအညွှန်းနဲ့ဘာသာပြန်ကတော့ Khin Khin ဖြစ်ပါတယ်...

ဇာတ်လမ်းအကြောင်း