ဇာတ်ကားများ ရွေးရန်

Outlaw Johnny Black

2023ဇာတ်ကားWeb-dl 1080p

အရင်ခေတ်ကောင်းဘွိုင်ဇာတ်ကားတွေကြည့်ရတာကြိုက်နှစ်သက်တဲ့လူတွေအတွက်ခေတ်သစ်မှာခေတ်ဟောင်းကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ Outlaw Johnny Black ဆိုတဲ့ဇာတ်ကားသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး Action,Comedy အမျိုးအစားလေးပဲဖြစ်ပါတယ်။ဟာသဆိုပေမဲ့ကလိထိုးပြီးရယ်ရတာမျိုးမဟုတ်ပဲကြိတ်ရယ်နေရအောင်ကြားထဲမှာနည်းနည်းချင်းစီမပျင်းသွားအောင်ညှပ်ထည့်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကလဲကောင်းမွန်ပြီးအာရုံကိုဖမ်းစားထားနိုင်တဲ့ဇာတ်ညွှန်းပဲဖြစ်ပါတယ်။ဂျွန်နီဘလက်ခ်ဆိုတဲ့လူတစ်ယောက်ကအရမ်းနာမည်ကြီးတဲ့၀ရမ်းပြေးတစ်ယောက်ဖြစ်ပြီးသူကမတရားမှုကိုရပ်ကြည့်မနေနိုင်တဲ့လူတစ်ယောက်ပါ။ဘ၀အခြေအနေကြောင့်သာဓားပြတိုက်လုယက်တာတွေလုပ်ရပေမဲ့သူတစ်ပါးအပေါ်မတရားနှိပ်စက်စော်ကားအနိုင်ကျင့်တာမျိုးတွေမရှိခဲ့ပါဘူး။အဲ့လိုစာရိတ္တမပျက်ပြားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ရတာလဲငယ်စဉ်ကခရစ်ယာန်ဘုန်းတော်ကြီးဖြစ်တဲ့သူ့အဖေရဲ့သွန်သင်ဆုံးမမှုတွေကြောင့်ပါပဲ။ဒါပေမယ့်တစ်နေ့မှာသူ့အဖေကို၀ရမ်းပြေးတစ်ယောက်ကမတရားသတ်ဖြတ်ခဲ့တဲ့နောက်မှာတော့သေနတ်ကိုလက်ထဲကမချတော့ပဲသူ့အဖေကိုသတ်သွားတဲ့၀ရမ်းပြေးကိုလက်စားချေဖို့အရိုးထိစွဲနေခဲ့ပါတော့တယ်။ဒီလိုနဲ့နောက်ဆုံးမှာသူတို့နှစ်ယောက်ပြန်တွေ့ကြတဲ့အခါမှာတော့ဂျွန်နီတစ်ယောက်သူ့အဖေအတွက်လက်စားချေပေးနိုင်ပါ့မလား သူ့ရဲ့လက်စားချေဖို့ကြိုးစားခဲ့ရတဲ့ရှည်လျားတဲ့ခရီးစဉ်တစ်လျှောက်မှာရောဘယ်လိုအရာတွေကြုံတွေ့ရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း