ဇာတ်ကားများ ရွေးရန်

Manodrome

2023ဇာတ်ကားWeb-dl 1080p

ဒီလိုမျိုးအရာရာခက်ခဲနေတဲ့ခေတ်ကြီးထဲမှာတစ်ခါတစ်လေကိုယ့်ပခုံးပေါ်ကဝန်ထုပ်ဝန်ပိုးတွေအကုန်ပစ်ချလိုက်ချင်တဲ့စိတ်ဆိုတာလူတော်တော်များများမှာရှိတတ်ပါတယ်။ကိုယ့်ရဲ့တာဝန်ယူမှုတာဝန်ခံတတ်တဲ့လူသားဆန်တဲ့စိတ်တွေကြောင့်သာအံကြိတ်ပြီးလောကဓံကိုရင်ဆိုင်နေရတဲ့လူတွေဒုနဲ့ဒေးပါပဲ။ဒီ Manodrome ရဲ့ဇာတ်ကားထဲကမင်းသားဖြစ်တဲ့ရာဖီဆိုတဲ့လူတစ်ယောက်ကလဲငယ်ငယ်တုန်းကကြမ်းကြမ်းတမ်းတမ်းဘဝကိုကျော်ဖြတ်လာရပြီးအခုအချိန်မှာသူ့ရဲ့ကောင်မလေးမှာကိုယ်ဝန်ရှိနေတဲ့အတွက်အလုပ်ပြုတ်လာပြီးတော့အချိန်ပိုင်းကားဆွဲတဲ့အလုပ်ကိုလုပ်ကာခက်ခက်ခဲခဲရုန်းကန်နေရတဲ့လူတစ်ယောက်ပါ။သူလဲအဲ့လိုဘဝမျိုးကိုစွန့်ပစ်ပြီးပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်ပြန်နေချင်နေတဲ့အချိန်မှာသူငယ်ချင်းရဲ့မိတ်ဆက်ပေးမှုနဲ့အဖွဲ့တစ်ခုကိုသွားတွေ့ပါတော့တယ်။အဲ့ဒီအဖွဲ့ကတော့အဲ့လိုသားတွေမယားတွေကိုထားခဲ့ပြီးထွက်ပြေးလာတဲ့ယောက်ျားတွေစုဝေးရာအဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ရာဖီတစ်ယောက်အဲ့ဒီအဖွဲ့ထဲကိုရောက်သွားပြီးနောက်မှာတော့သူ့ဘဝကဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း