Please Don't Destroy: The Treasure of Foggy Mountain
ငယ်ငယ်လေးကတည်းကဆိုးတူကောင်းဖက်ပေါင်းသင်းလာခဲ့တဲ့သူငယ်ချင်းတွေဆိုတာလူတိုင်းမှာရှိကြပေမဲ့အဲ့လိုသူငယ်ချင်းတွေနဲ့ကြီးလာတဲ့အထိပေါင်းသင်းဖို့ဆိုတာကတော့မလွယ်ကူပါဘူး။ဒါပေမယ့်ဒီကားထဲကသူငယ်ချင်းသုံးယောက်ကတော့အသက် ၂၆ နှစ်အထိကိုတပူးပူးတတွဲတွဲနဲ့ပျော်ပျော်ပါးပါးပေါင်းသင်းနေကြတုန်းပါ။တစ်အိမ်တည်းမှာပဲအတူတူနေပြီးအလုပ်တစ်ခုတည်းမှာပဲအတူတူလုပ်ကြပါတယ်။ဒါပေမယ့်ဘယ်လောက်ပဲခင်တယ်ပြောပြောအသက်အရွယ်ရလာတဲ့အခါမှာတော့ချစ်သူရည်းစားတွေအလုပ်အကိုင်တွေဆိုတာကတော့အာရုံစိုက်ရမဲ့အရာတွေဖြစ်လာပါတော့တယ်။ဒီလိုနဲ့သူငယ်ချင်းသုံးယောက်ထဲကတစ်ယောက်ကရည်းစားဖြစ်သူနဲ့တိုင်တွေပတ်ပြီးနောက်တစ်ယောက်ကလဲအဖေဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းကိုအမွေဆက်ခံဖို့အလုပ်ရှုပ်နေတဲ့အခါမှာတော့ဂျွန်ဆိုတဲ့သူငယ်ချင်းတစ်ယောက်တည်းကလေးစိတ်နဲ့ကျန်ခဲ့ပါတော့တယ်။သူငယ်ချင်းတွေအရင်လိုအတူရှိပြီးပျော်ပါးရတဲ့အချိန်တွေနည်းပါးလာတဲ့အခါမှာတော့ဂျွန်ကအထီးကျန်ပြီးအတွေးပေါင်းသောင်းခြောက်ထောင်လျှောက်တွေးရင်းနဲ့ငယ်ငယ်တုန်းကမြူထူတောင်မှာသူတို့သူငယ်ချင်းသုံးယောက်တွေ့ခဲ့တဲ့သံလိုက်အိမ်မြှောင်နဲ့ဆက်စပ်ပြီးအရမ်းနာမည်ကြီးတဲ့ရတနာကိုသွားရှာကြဖို့သူငယ်ချင်းတွေကိုဆွယ်လိုက်ပါတော့တယ်။ရတနာကိုရရင်ပိုက်ဆံတွေအများကြီးရမှာဆိုတော့သူငယ်ချင်းသုံးယောက်လဲရတနာရှာထွက်ကြရင်းနဲ့အရင်လိုပြန်ဆက်ဆံရေးတွေရသွားကြမလား ဒါမှမဟုတ် ဆက်ဆံရေးတွေပဲပိုကြဲလာကြမလား ရတနာကိုရောရှာတွေ့သွားကြမလားဆိုတာကိုတစ်ကားလုံးအခွီတစ်လိုင်းကြည့်ရှုရမဲ့ဟာသ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း