The Baker
အတိတ်က ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ မင်းသားကြီးတွေ အသက်အရွယ်ရလာတာကို မြင်ရတာလဲ ဝမ်းနည်းစရာတစ်မျိုးပဲဗျ။ ငယ်ဘဝမှာ ဖိုက်တာကြီးတွေအဖြစ် မြင်တွေ့ခဲ့ရပေမယ့်လည်း အခုအချိန်မှာတော့ အရင်လောက် မကြမ်းပြနိုင်တော့တာကိုလဲ ဒီဇာတ်လမ်းလေးထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်က Hellboy အဖြစ်သိခဲ့ရတဲ့ Ron Perlmanတစ်ယောက် ဇာတ်လမ်းအစမှာကတည်းက ဘဝကိုအေးချမ်းစွာဖြတ်သန်းနေပုံနဲ့ အစဖော်ထားပါတယ်။ ဒီလိုနဲ့ပဲ အဆက်အသွယ်မရတာကြာပြီဖြစ်တဲ့ သူ့သားက ရုတ်တရက်ရောက်ရှိလာပြီး သူ့သမီးလေးကို အဖိုးဖြစ်သူလက်ထဲ ထိုးထည့်ကာ ပြန်ထွက်သွားပါတော့တယ်။ သူ့သားဝင်ရှုပ်ထားမိတဲ့ အရှုပ်ထုပ်တွေက သာမာန်လူတွေမဟုတ်ဘူးဆိုတာကို သိလိုက်ရချိန်မှာတော့ သူ့သားလေးဟာ အသတ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူ့သားလေးက တစ်ကယ်သေသွားပြီလားဆိုတာကို အဖြေရှာဖို့လုပ်ရင်း ဘယ်လိုလူတွေနဲ့ ရင်ဆိုင်ရမလဲ "The Merchant"ဆိုသူကရော ဘယ်လိုလူလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရင်း အားပေးလိုက်ကြပါအုံး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ innocentsheep ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း