ဇာတ်ကားများ ရွေးရန်

The Marsh King's Daughter

2023ဇာတ်ကားအမှတ် 6/10Web-dl 1080p

တောကြီးမျက်မည်းထဲမှာမိသားစုသုံးယောက်ကပျော်ပျော်ရွှင်ရွှင်အမဲလိုက်ပြီးနေထိုင်နေကြပါတယ်။အမေဖြစ်သူကတော့မျက်နှာကြီးအမြဲတမ်းစူပုတ်နေပေမဲ့သမီးနဲ့အဖေနဲ့ကတော့ကီးကိုက်ပြီးတော့တောထဲမှာနေ့တိုင်းပျော်ပျော်ပါးပါးအမဲလိုက်ထွက်နေကြပါတယ်။အဖေကအရမ်းတော်တဲ့မုဆိုးတစ်ယောက်ဖြစ်တဲ့အတွက်သူ့သမီးကိုသူ့ရဲ့ပညာတွေအကုန်သင်ပေးပြီးတစ်ခုခုထူးခြားတာတွေရှိရင်လဲအမြဲတမ်းအထိန်းအမှတ်အနေနဲ့သမီးဖြစ်သူကိုတက်တူးထိုးပေးလေ့ရှိပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့သူတို့အိမ်ကိုလူတစ်ယောက်လမ်းပျောက်ပြီးရောက်လာတဲ့အခါမှာအရာအားလုံးကပြောင်းလဲသွားခဲ့ပါတော့တယ်။အိမ်မှာသူတို့သားအမိနှစ်ယောက်တည်းရှိနေခဲ့တဲ့အချိန်မှာရောက်လာပြီးလမ်းမေးနေတဲ့အချိန်မှာသူ့အမေကရုတ်တရက်ကြီးသူတို့ကိုဖမ်းထားလို့ကယ်ပါဦးလို့ထပြောပါတော့တယ်။ပြီးတော့အဲ့ဒီလူနဲ့အတူထွက်ပြေးဖို့ကြိုးစားနေခဲ့တဲ့အချိန်မှာအဖေဖြစ်သူပြန်ရောက်လာပြီးတိုက်ခိုက်ကုန်ကြပါတော့တယ်။သမီးဖြစ်တဲ့ဟယ်လီနာလဲသတိမေ့သွားပြီးပြန်နိုးလာတဲ့အချိန်မှာရဲစခန်းကိုရောက်နေပါပြီ။တကယ်တမ်းတော့သူ့အဖေကအမေဖြစ်သူကိုတောထဲအတင်းအဓမ္မဖမ်းခေါ်လာခဲ့တာဖြစ်ပြီးအခုအချိန်ထိပြန်မလွတ်ပေးသေးတာပဲဖြစ်ပါတယ်။ဒါပေမယ့်အဖေကိုအရမ်းချစ်တဲ့ဟယ်လီနာကတော့အဲ့ဒီစကားတွေကိုလက်မခံခဲ့ပါဘူး။အဖေဖြစ်သူလဲအဲ့ဒီအမှုနဲ့တင်ထောင်ကျသွားခဲ့ပါတယ်။ဟယ်လီနာအသက်ကြီးလာပြီးကိုယ်ပိုင်မိသားစုလေးထူထောင်ထားတဲ့အချိန်မှာသူ့အဖေကထောင်ဖောက်ပြေးလာခဲ့တယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲ ဟယ်လီနာရဲ့ဘ၀မှာရောဘာတွေအပြောင်းအလဲဖြစ်လာမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း