Elf Me
ခရစ္စမတ်ရောက်ဖို့ကလဲသိပ်မလိုတော့ဘူးဆိုတော့ဆောင်းရာသီရဲ့ခပ်အေးအေးအငွေ့အသက်လေးတွေခံစားလာရတော့မှာအသေအချာပါပဲ။ဒီလိုဆောင်းတွင်းလေးမှာချစ်သူလေးနဲ့အတူတူကြည့်ဖို့အတွက်(တစ်ယောက်တည်းလည်းကြည့်လို့ရပါတယ်) ၂၀၂၃ ရဲ့ခရစ္စမတ်ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။အဓိကကတော့ကလေးတွေကြိုက်မဲ့ကားဆိုပေမဲ့လူကြီးတွေလဲကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Elf Me ဖြစ်ပြီး IMDb Rating 5.8 ရရှိထားပါတယ်။တော်တော်များများကြားဖူးကြမဲ့ဆန်တာကလော့စ်တို့ နတ်သူငယ်တို့ မှင်စာတို့ကိုအပြင်မှာတကယ်ရှိတယ်လို့ထင်ပါသလား။ဒီကားထဲမှာကတော့အဲ့လိုအရာတွေအကုန်လုံးကအမှန်တကယ်ရှိပါတယ်။ဆန်တာကလော့စ်ရဲ့မြောက်ဝင်ရိုးစွန်းမှာထုံးစံအတိုင်းခရစ္စမတ်နီးနေပြီဆိုတော့လိမ္မာတဲ့ကလေးတွေကိုလက်ဆောင်ပို့ပေးဖို့အတွက်အလုပ်တွေရှုပ်နေပါတော့တယ်။ဒီဆန်တာကလော့စ်တိုင်းပြည်မှာထူးဆန်းတာကတော့ကလေးတွေကိုလက်ဆောင်ပေးမဲ့အရုပ်တွေကိုတီထွင်ပေးတဲ့တီထွင်သူနတ်သူငယ်တွေရှိနေတာပါပဲ။ထရစ်ပ်ဆိုတဲ့နတ်သူငယ်တစ်ယောက်ကအဲ့လိုတီထွင်ရတာအရမ်းကြိုက်ပေမဲ့သူထွင်လိုက်တဲ့အရုပ်တိုင်းက ကလေးတွေအတွက်အန္တရာယ်ရှိနေတော့ဆန်တာငြင်းတာကိုအမြဲတမ်းခံနေရပါတယ်။ဒီလိုနဲ့ထရစ်ပ်ကသူ့ကိုယ်သူသက်သေပြဖို့ကြိုးစားရင်းနဲ့ကလေးတစ်ယောက်အိမ်ကိုမှားရောက်သွားပါတော့တယ်။အဲ့ဒီကလေးအိမ်ကိုသူကလက်ဆောင်တစ်ခုအနေနဲ့ရောက်သွားတာဖြစ်တဲ့အတွက်အဲ့ဒီကလေးဆီကနေပြီးတော့ဆန်တာဆီကိုလက်ဆောင်ပြန်အပ်တဲ့စာနဲ့ပြန်မှရမှာဖြစ်တဲ့အတွက် ထရစ်ပ်တစ်ယောက်သောင်တင်နေပါတော့တယ်။ဒီလိုနဲ့ထရစ်ပ်အဲ့ဒီစာနဲ့မပြင်ခင် အဲ့ဒီကလေးနဲ့သံယောဇဉ်တွေတွယ်ပြီး ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း