Honey Sweet
ဒီဇာတ်ကားလေးကတော့ မင်းသမီး Kim Hee-sun, မင်းသား Yoo Hae-jin နဲ့ မင်းသား Cha In-pyo တို့လို နာမည်ကြီးသရုပ်ဆောင်ပါဝင်ထားတဲ့ အချစ်ဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချာချီဟိုဟာ အဆာပြေမုန့်ထုတ်လုပ်ရေးကုမ္ပဏီမှာ သုတေသနပညာရှင်အဖြစ်လုပ်ကိုင်နေပြီး အသက် ၄၉ ရှိပြီဖြစ်တဲ့ လူပျိုသိုးကြီး တစ်ယောက်ပေါ့။ ချာချီဟိုရဲ့နေ့စဉ်ဘဝဟာ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ပဲရှိပြီး သူ့မှာ အရမ်းချစ်ရတဲ့ လူမိုက်အစ်ကိုတစ်ယောက်ရှိပါတယ်။ သူ့အစ်ကိုကတော့ လောင်းကစားလုပ်လိုက် ချာချီဟိုဆီက လက်ဖြန့်တောင်းလိုက် ချေးငွေတွေယူလိုက် ချာချီဟိုက ပြန်ဆပ်လိုက်နဲ့ပေါ့။ တစ်နေ့မှာတော့ ချေးငွေကုမ္ပဏီတစ်ခုဆီက ဖုန်းဆက်လာတဲ့အတွက်ချေးငွေပြန်ဆပ်ဖို့သွားရင်း မမျှော်လင့်ပဲ အီလ်ယောင်းနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အီလ်ယောင်းကတော့ Single Mother တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူက တက္ကသိုလ်ကျောင်းသူလေးပါ။ မျှော်လင့်မထားတဲ့တွေ့ဆုံမှုကနေ အသက် ၄၉ နှစ်အရွယ် လူပျိုသိုးကြီးရဲ့အေးခဲနေတဲ့နှလုံးသားဟာ အသက်ဝင်လာခဲ့ပြီး အီလ်ယောင်းနဲ့အတူ သာယာပျော်ရွှင်တဲ့ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း