ဇာတ်ကားများ ရွေးရန်

Woman in the Maze

2023ဇာတ်ကားWeb-dl 1080p

သရဲကားကြည့်ချင်တဲ့လူတွေအတွက် Woman In The Maze ဆိုတဲ့ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။IMDb မှာ Rating 4.5 နဲ့နည်းတယ်လို့ပြောရမယ်ဆိုပေမဲ့သူ့ဘာသာသူတော့ကြည့်လို့ကောင်းပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်ညွှန်းကလဲတခြားသရဲကားတွေနဲ့မတူပဲကွဲထွက်နေပြီးတော့ရိုးအီနေတဲ့သရဲကားတွေကြားမှာတစ်မူထူးခြားတဲ့ Vibe ကိုပေးစွမ်းနိုင်မှာပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဂတ်ဘီဆိုတဲ့အမျိုးသမီးတစ်ယောက်ကအလုပ်ကိစ္စနဲ့ဂျရုန်းဆိုတဲ့မြို့တစ်ခုဆီကိုရောက်လာခဲ့ပါတယ်။သူ့အလုပ်ကတော့လက်ထောက်ပရောဂျက်မန်နေဂျာဖြစ်ပြီး စျေးကောင်းရနိုင်မဲ့ အလားအလာကောင်းတဲ့မြေကွက်တွေကိုလိုက်ကြည့်ပြီးမန်နေဂျာဆီတင်ပြရတာပဲဖြစ်ပါတယ်။အခုလဲဂျရုန်းမှာမြေကွက်တွေကြည့်ဖို့လာခဲ့တာဖြစ်ပြီး အဲ့ဒီဂျရုန်းဆိုတဲ့မြို့ကိုသရဲမြို့လို့တင်စားကြပါတယ်။တချို့ကလဲလူဦးရေနည်းပါးလို့အဲ့လိုခေါ်တာလို့ပြောကြပြီး တချို့ကလဲသရဲတကယ်ခြောက်တဲ့မြို့ကြီးလို့ပြောကြပါတယ်။နေရာတိုင်းမှာလဲလက်ညှိုးထိုးမလွဲသရဲဇာတ်လမ်းတွေ ဇာတ်ကြောင်းတွေရှိနေပြီး သရဲကိုမယုံကြည်တဲ့ဂတ်ဘီအတွက်တောင်ခြောက်ခြားစရာဖြစ်တဲ့မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ဒါပေမယ့်ဂတ်ဘီတစ်ယောက်အိမ်အကောင်းစားအကြီးကြီးတစ်ခုမှာနေရတဲ့အတွက်တော့ဒါတွေအတွက်စိတ်ညစ်မနေပါဘူး။ဒီအလုပ်ပြီးသွားရင်လဲရာထူးတိုးမှာဖြစ်တဲ့အတွက်အဲ့ဒါတွေကိုပဲတွေးပျော်နေခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီအိမ်ကြီးထဲမှာသူနေတဲ့တစ်လျှောက်လုံးအိပ်မက်တွေထဲမှာလာလာခြောက်လှန့်နေတဲ့သူတစ်ယောက်ရှိနေပါတယ်။နောက်ဆုံးပြန်ရတော့မဲ့နေ့မှာတော့ဂတ်ဘီတစ်ယောက်အဲ့ဒီအိမ်ကြီးရဲ့ကျိန်စာမိနေပြီးပိတ်မိနေတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုသည်းထိတ်ရင်ဖိုဖွယ်ရာရှုစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း