Devils
ဒရာမာ အချစ် အက်ရှင် စုံထောက် သည်းထိပ်ရင်ဖိုဇာတ်ကားတွေမှာအင်္ဂလိပ်ကားတွေထက်မကျော်ရင်တောင်မှရင်ဘောင်တန်းနိုင်လောက်တဲ့ကိုးရီးယားဇာတ်ကားတွေတော်တော်များများရှိပါတယ်။အခုတင်ဆက်ပေးမဲ့ Devils ဆိုတဲ့စုံထောက်ဇာတ်ကားကလဲတော်တော်ကြည့်လို့ကောင်းပြီးပရိသတ်အာရုံကိုဆွဲဆောင်နိုင်မဲ့ကားပဲဖြစ်ပါတယ်။IMDb မှာ Rating 6.3 ရရှိထားပြီးကြည့်ရတဲ့အချိန်ကိုတန်စေမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့လူတွေကိုလိုက်ဖမ်းပြီးသတ်ဖြတ်ကာ Dark Web မှာတင်နေတဲ့အဖွဲ့တစ်ခုရှိပါတယ်။အဲ့ဒီအဖွဲ့ကအရမ်းကိုဆိုးရွားပြီးတော့လှုပ်ရှားပုံတွေကလဲအရမ်းပီပြင်သပ်ရပ်တဲ့အတွက်ရဲတပ်ဖွဲ့တွေသဲလွန်စတစ်ခုမှမရှာနိုင်ပဲဖမ်းဆီးဖို့အတွက်ခက်ခဲနေပါတော့တယ်။တစ်နေ့မှာတော့အဲ့ဒီအဖွဲ့ရှိနေနိုင်မဲ့နေရာကိုသတင်းပေးခဲ့တဲ့အတွက်သွားရောက်ဖမ်းဆီးခဲ့ရာမှာစုံထောက်ဂျယ်ဟွမ်းပျောက်သွားခဲ့ပါတော့တယ်။ပျောက်ဆုံးသွားတဲ့စုံထောက်ဂျယ်ဟွမ်းကိုရှာဖွေဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့တစ်လအကြာမှာတော့အဲ့ဒီလူသတ်မှုတွေဆက်ဖြစ်နေခဲ့တဲ့အတွက်လက်လျှော့လိုက်ရပါတော့တယ်။ဒါပေမယ့်သိပ်မကြာခင်မှာပဲစုံထောက်ဂျယ်ဟွမ်းနဲ့တရားခံဖြစ်သူတွေထဲကတစ်ယောက်ကရဲစခန်းကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပါတော့တယ်။ဒါပေမယ့်နှစ်ယောက်လုံးကအရင်လိုတွေမဟုတ်ပဲနဲ့ထူးဆန်းနေတဲ့အခါမှာတော့သူတို့ပျောက်ဆုံးခဲ့တဲ့တစ်လအတွင်းဘာတွေဖြစ်ခဲ့ကြလဲ ဘာတွေကထူးဆန်းနေတာလဲ ဆိုးဝါးတဲ့လူသတ်မှုတွေကိုကျူးလွန်နေတဲ့အဖွဲ့တစ်ခုလုံးကိုရောဖမ်းမိသွားပါ့မလားဆိုတာကိုကြည့်ရှူရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း