ဇာတ်ကားများ ရွေးရန်

Jigarthanda Double X

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့ကန်ချနားသရဲကားထဲကမင်းသားပါဝင်တဲ့ အက်ရှင်ဟာသဇာတ်ကားလေးဖြစ်တဲ့"Jigarthanda"နဲ့တင်ဆက်ပေးလိုက်ပါတယ်....ကိုယ့်ဟာကိုယ်ငြိမ်နေပေမဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားထဲမှ လူလေးယောက်ကိုသတ်သူအဖြစ် စွပ်စွဲခံရပြီးထောင်ကျသွားခဲ့တဲ့ ရေးဒါ့စ်ဆိုတဲ့လူငယ်လေးက တစ်နေ့မှာတော့သူ့ဘဝကိုပြန်လည်ထွန်းစေမယ့် အခွင့်ရေးကောင်းတစ်ခုကိုရခဲ့ပါတော့တယ်.... ဒါကတော့မာသူရီးမြို့ကဂိုဏ်းတစ်ဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ အာလီယက်စ်ဆည်းဆာဆိုတဲ့လူကို သတ်ပေးဖို့ပါပဲ သေရင်မြေကြီးရှင်ရင်ရွှေထီးဆိုတဲ့အတိုင်း သူအောင်မြင်ခဲ့ရင်တော့ထောင်ကလွှတ်မယ့်အပြင် ရဲဌာနထဲမှာတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး မအောင်မြင်ရင်တော့ဇာတ်သိမ်းခံရမှာပါ......ကံကောင်းစွာနဲ့ပဲသူသတ်ရမယ့်ဆည်းဆာဟာ မင်းသားပိုးထပြီးဇာတ်လမ်းရိုက်ချင်သူဖြစ်နေတာကြောင့် ရေးကလည်းဒါရိုက်တာဟန်ဆောင်လို့ သားရဲတွင်းထဲကိုအကြံစည်ပေါင်းများစွာနဲ့ ခုန်ချပါတော့တယ် သူ့ရည်ရွယ်ချက်ကတကယ်ပဲအောင်မြင်နိုင်ပါ့မလား နောက်ဆုံးမှာတကယ်အနိုင်ရသူကဘယ်သူဖြစ်မလဲစသဖြင့် ဇာတ်ကွက်ကောင်းတွေနဲ့အတူနိုင်ငံရေးဆန်တဲ့ လှည့်ကွက်အခန်းတွေကိုပါ ထည့်သွင်းထားတာမို့Plot twistကိုကြိုက်နှစ်သက်သူတွေအတွက်တော့ ရင်ခုန်စရာဖြစ်မှာပါ.... ဒီကားအညွှန်းနဲ့ဘာသာပြန်သူက Khin Khin ဖြစ်ပါတယ်....

ဇာတ်လမ်းအကြောင်း