Don’t Buy the Seller
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Crime, Mystery, Thriller အမျိုးအစား ကိုးရီးယားမှုခင်းဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျန်ဆူဟျွန်းဟာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ကြီးကြပ်ရေးမှူးအနေနဲ့ လုပ်ကိုင်နေပြီး တိုက်ခန်းမှာငှားနေတဲ့ တစ်ကိုယ်တည်းသမားပါ။ သူ အိမ်ပြောင်းလာတဲ့နေ့မှာပဲ အ၀တ်လျှော်စက်ပျက်သွားတဲ့အကြောင်း အလုပ်က စီနီယာအစ်မကို ရင်ဖွင့်မိတော့ အွန်လိုင်းပေါ်က တစ်ပတ်ရစ်ပစ္စည်းတွေ ၀ယ်သုံးဖို့ အကြံပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဆူဟျွန်းလည်း အ၀တ်လျှောက်စက်တစ်လုံးမှာလိုက်ပေမယ့် တကယ်တမ်းလာပို့တော့ အပျက်ကြီး ဖြစ်နေပါတယ်။ ဆူဟျွန်းလည်း အလိမ်ခံလိုက်ရတော့ ဒေါသဖြစ်ပြီး ပို့စ်ပိုင်ရှင်ရဲ့အရောင်းပို့စ်တွေအောက်မှာ ဒီလူက လူလိမ်ပါ မယုံကြပါနဲ့လို့ မှတ်ချက်တွေ လိုက်ရေးခဲ့ပါတယ်။ တစ်နေ့မှာတော့ ပို့စ်ပိုင်ရှင်က အခုလိုလုပ်နေတာကိုရပ်ဖို့ မက်ဆေ့ခ်ျပို့လာပြီး မရပ်ရင် နောင်တရသွားမယ်လို့ သတိပေးခဲ့ပေမယ့် ဂရုမစိုက်ခဲ့ပါဘူး။ တစ်နေ့မှာတော့ ဆူဟျွန်းရဲ့ကိုယ်ရေးအချက်အလက်၊ ဖုန်း၊ လူမှုကွန်ယက်အကောင့်တွေနဲ့ အိမ်တံခါးလျှို့ဝှက်နံပါတ်တွေအားလုံးပေါက်ကြားသွားပါတော့တယ်။ အ၀တ်လျှော်စက်လေးတစ်လုံးကြောင့် လုံး၀ထင်မထားတဲ့ပြဿနာတွေကြုံလာရတဲ့ဆူဟျွန်းတစ်ယောက် အဲဒီပြဿနာတွေထဲက ဘယ်လိုရုန်းထွက်မလဲ။ တရားခံကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို စိတ်၀င်တစားကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း