ဇာတ်ကားများ ရွေးရန်

Your Christmas or Mine 2

2023ဇာတ်ကားWeb-dl 1080p

Ro တာလေးလဲကြိုက်တယ် ငိုတာလေးလဲကြိုက်တယ် ဟာသလေးလဲကြိုက်တယ်ဆိုရင်တော့သင်တို့အတွက်အရမ်းလိုက်ဖက်မဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ Your Christmas Or Mine 2 ဆိုတဲ့ 1 ရဲ့အဆက်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး 1 ကြည့်ဖူးတဲ့လူတွေဆိုရင်တော့အရမ်းကြည့်ကောင်းတာကိုသိကြမှာပါ။မကြည့်ရသေးတဲ့လူတွေအတွက်အကျဉ်းချုံးလေးပြန်ပြောပေးရရင်တော့ဂျိမ်းစ်နဲ့ဟေလီဆိုတဲ့ချစ်သူနှစ်ယောက်ကအသိုင်းအဝိုင်းကွာခြားမှုနဲ့ ‌လောကဓံရဲ့အခက်အခဲတွေကိုကြံ့ကြံ့ခံပြီးကျော်ဖြတ်လာတဲ့ချစ်သူတွေပဲဖြစ်ပါတယ်။အခုလဲခရစ္စမတ်အတွက်နှစ်ဖက်မိသားစုစုံစုံလင်လင်နဲ့အက်ပ်တောင်တန်းတွေဆီခရီးထွက်ခဲ့ကြပါတယ်။ဒါပေမယ့်အလွဲအမှားလေးတစ်ခုကြောင့်ချမ်းသာတဲ့ဂျိမ်းစ်တို့မိသားစုကဟိုတယ်အစုတ်ကြီးတစ်ခုကိုရောက်သွားပြီး သာမန်လူတန်းစားဟေလီတို့မိသားစုကတော့ကြယ်ငါးပွင့်ဟိုတယ်ကြီးဆီရောက်သွားခဲ့တဲ့အတွက်မျောက်အုန်းသီးရသလိုပျော်နေပါတော့တယ်။အဲ့လိုအလွဲတွေဖြစ်ရုံတင်မကပဲဟေလီကလဲဂျိမ်းစ်ရဲ့အိတ်ထဲမှာလက်စွပ်သွားတွေ့လို့လက်ထပ်ခွင့်တောင်းခံရတော့မယ်ထင်ပြီးအပျော်ကြီးပျော်နေပြီးမှဂျိမ်းစ်ကအဲ့လိုမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အပြင်မိသားစုတွေကြားမှာလဲသဘောထားမတိုက်ဆိုင်မှုတွေ ပြဿနာတွေဖြစ်လာတဲ့အခါမှာတော့ပျော်ရွှင်နေရတဲ့ Relationship လေးတစ်ခုရှေ့ဆက်နိုင်မလား တစ်စစီပြိုကွဲသွားမလားဆိုတာကိုရသမျိုးစုံနဲ့ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း