Crook: It's Good to Be Bad
ဂျိုင်ဒီဆစ်ခ်ဆိုတဲ့သူ လိမ်လည်တာကို ထမင်းစားရေသောက်လုပ်လာခဲ့သူပါ။အဖေဖြစ်သူဆီကနေဒီစရိုက်ကို အမွေဆက်ခံထားလိုက်တဲ့သူက သူ့အဖေသေဆုံးသွားတဲ့အခါ ဦးလေးနဲ့တူတူနေရဖို့ဖြစ်လာခဲ့ပါတယ်။ရဲသားဖြစ်တဲ့ ဦးလေးနဲ့တူတူနေရင်းလဲ ဒုစရိုက်မှုပဲကျူးလွန်နေတဲ့သူ့ကို အခြေအနေတစ်ခုကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ဩစတြေးလျကိုပို့ပစ်ခဲ့ရပါတယ်။ ဂျိုင်တစ်ယောက်နာမည်ရင်းကိုဖုံးပြီးနာမည်အသစ်လူအသစ်နဲ့ ဩစတြေးလျမှာ အလုပ်လာလုပ်ချိန် အိန္ဒိယနဲ့ဩစတြေးလျကြား လူမျိုးရေးခွဲခြားတဲ့ကိစ္စတွေပေါ်လာခဲ့ပြီး ဂျိုင်လဲပါဝင်ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။ ဂျိုင်ဟာဒုစရိုက်လုပ်ကာနိုင်ငံကထွက်ပြေးလာရတဲ့သူမို့ဒီအခြေအနေဟာ ဂျိုင်ဝင်မပါသင့်တဲ့ အခြေအနေဆိုလဲမမှားပါဘူး။ဒါပေမဲ့ လူမျိုးရေးခွဲခြားမှုအခြေအနေတွေပြင်းထန်လာတဲ့အခါ နဂိုစိတ်ကောင်းရှိနေတဲ့လူလိမ်ဂျိုင်က ဒီကိစ္စကိုလက်ပိုက်ကြည့်နေပါ့မလား။ဒါမှမဟုတ် သူပါဝင်ကာဒီကိစ္စကိုဖြေရှင်းသွားမလားဆိုတာကို အက်ရှင်ချည်းသက်သက်မဟုတ်ပဲ အချစ်ဇာတ်လမ်းလေးပါ ရောနှောကြည့်ရှုရမှာပါ။ 2010 ကကားလေးပေမယ့် ရိုက်ချက်တွေကအခုကြည့်တောင် မိမိုက်နေဆဲမို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Aye Chan Myo ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း