ဇာတ်ကားများ ရွေးရန်

Maestro

2023ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးဟာ Biography, Drama, Music အမျိုးအစားဖြစ်ပြီး အမေရိကန်တေးရေးဆရာ လီယိုနာ့ဒ်ဘန်စတိန်းနဲ့ သူ့ဇနီး ဖယ်လီစီယာမွန်တန်လက်ဂါတို့ ကြားက ဆက်ဆံရေးကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဆုတွေအများကြီးရထားသလို National Board of Review နှင့် American Film Institute က ၂၀၂၃ ခုနှစ် ထိပ်တန်းရုပ်ရှင် ၁၀ ကားထဲမှာပါလည်းပါခဲ့တဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် အတုပ္ပတ္ထိရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအဖို့ အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုတော့ နောက်ကြောင်းပြန်တဲ့ပုံစံမျိုးနဲ့တက်ဆက်ထားပြီး လီယိုနာ့ဒ်ကို အင်တာဗျူးလုပ်တဲ့နေရာက စတင်ထားပါတယ်။ လီယိုနာ့ဒ်ဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် ဂီတမှူးအဖြစ် ပထမဆုံးပွဲဦးထွက်ခွင့်ရလိုက်တဲ့အချိန်ကစပြီး အရမ်းအောင်မြင်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ ပါတီတစ်ခုမှာ သရုပ်ဆောင်ပေါက်စ ဖယ်လီစီယာနဲ့တွေ့ဆုံခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ လီယိုနာ့ဒ်နဲ့ ဖယ်လီစီယာတို့ဟာ အိမ်ထောင်တစ်ခုကိုတည်ထောင်ခဲ့ပြီး သားသမီး သုံးယောက်ထွန်းခဲ့ပါတယ်။ အပေါ်ယံကြည့်ရင်တော့ သူတို့ရဲ့အိမ်ထောင်ရေးဟာ သာယာနေသလိုရှိပေမယ့် တကယ်တော့ အတွင်းပိုင်းမှာ လှိုက်စားနေခဲ့ပါတယ်။ လီယိုနာ့ဒ်ရဲ့ဘဝဒဿနတွေ၊ ဂီတအပေါ်စွဲလမ်းရူးသွပ်မှုတွေကို ဖော်ပြထားသလို သူ့ဇနီး ဖယ်လီစီယာရဲ့စိတ်ဒဏ်ရာတွေကိုလည်း ပေါ်လွင်အောင်ဖော်ပြထားတာ ဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားလေးပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း