ဇာတ်ကားများ ရွေးရန်

Sleep

2023ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ Comedy, Horror, Mystery အမျိုးအစားဖြစ်ပြီး Korean Box Office မှာ နံပါတ် ၁ ရခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားလေးပါ။ အိပ်နေရင်းယောင်ပြီးစကားပြောတာတို့ လမ်းထလျှောက်တာတို့က စိတ်ဖိစီးမှုများတဲ့လူတွေမှာ ဖြစ်တတ်တဲ့ရောဂါတစ်မျိုးပါပဲ။ ဟျွန်းဆူကတော့ အိပ်နေရင်းယောင်ပြီး စကားတွေပြောတယ်၊ လမ်းလျှောက်တယ်၊ ရေခဲသေတ္တာကိုဖွင့်ပြီး အသားစိမ်း၊ ငါးစိမ်းတွေကိုပါစားနေတဲ့အထိ ဆိုးရွားနေခဲ့တာပါ။ ဒီလိုအခြေအနေမျိုး ဖြစ်လာတော့ မိန်းမဖြစ်သူဆူဂျင်းက ဆေးရုံမှာစမ်းသပ်စစ်ဆေးခိုင်းခဲ့ပါတယ်။ ဆရာဝန်ကတော့ သောက်ဆေးနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေပြောပြပြီး စောင့်ကြည့်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ သက်သာမလာတဲ့အပြင် ဆူဂျင်းကို ရန်ပြုတဲ့ အခြေအနေအထိပါ ရောက်သွားပါတယ်။ ဆူဂျင်းရဲ့အမေဖြစ်သူကတော့ ဒီကိစ္စကို သိပ္ပံနည်းကျဖြေရှင်းလို့မရရင် နတ်ဆရာမနဲ့ဖြေရှင်းရမယ်ဆိုပြီးပင့်လာခဲ့ရာကဟျွန်းဆူမှာ သရဲပူးနေတယ်လို့ပြောလိုက်တဲ့အခါမှာ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးကုန်ပါတော့တယ်။ အဲဒီတော့ ဆူဂျင်းတို့လင်မယားနှစ်ယောက်ကြုံတွေ့နေရတာက အိပ်စက်ခြင်းရောဂါတစ်မျိုးမျိုးလား၊ သရဲပဲပူးကပ်နေသလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်အဖြေရှာရင်း ကြည့်ရှုခံစားလိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း