The Lesson
ဒီဇာတ်ကားလေးတော့ Thriller အမျိုးအစားဖြစ်ပြီး မြင်တွေ့နေကျဇာတ်လမ်းနဲ့မတူပဲ တမူထူးခြားတဲ့ဇာတ်အိမ်မျိုးနဲ့ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လီရန်က စာရေးဆရာအရမ်းဖြစ်ချင်တဲ့လူငယ်တစ်ယောက်ပါ။ သူဟာ သူအရမ်းလေးစားအားကျရတဲ့စာရေးဆရာကြီး ဆင်းကလဲယားရဲ့ ဆွေးနွေးမှုတွေ ဟောပြောပို့ချချက်တွေကို အမြဲနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ လီရန်အတွက် အခွင့်အရေးတစ်ခုပေါ်လာခဲ့တယ်။ ဆင်းကလဲယားရဲ့သားဖြစ်သူကို အောက်စဖို့ဒ်တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် အင်္ဂလိပ်စာဆရာတစ်ယောက် ခေါ်လိုက်တော့ လီရန်လည်းအေဂျင်စီကနေ တဆင့် ဝင်လျှောက်လိုက်ရာကနေ အလုပ်ရသွားပါတယ်။ သူ့ရဲ့အိုင်ဒေါစာရေးဆရာအနားမှာ နေရင်း စာရေးသားမှုအတွေ့အကြုံတွေ၊ ဒဿနတွေကို ဆည်းပူးမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ ဒါပေမဲ့ လူအများလေးစားအားကျရတဲ့စာရေးဆရာကြီးရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေခဲ့ပါတယ်။ ဒီတော့ လီရန်ဟာ ဆင်းကလဲယားရဲ့အိမ်မှာအလုပ်လုပ်ရင်း သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်မလား။ ဆင်းကလဲယားရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေဖြစ်မလဲ ဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း