ဇာတ်ကားများ ရွေးရန်

November Criminals

2017ဇာတ်ကားBlu-Ray 1080p

ဇာတ်လမ်းလေးကတော့ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့လူသတ်မှုအကြောင်းမှုခင်း စုံစမ်းမှုအကြောင်းလေးကိုပုံဖော်ရိုက်ကူးထားတဲ့စိတ်ကူးယဥ်ဆန်ဆန်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်တယ် ဇာတ်လမ်းအစကိုတော့ ကမ်းခြေမှာ ကစားနေတဲ့ လူငယ် Addison Schacht နဲ့ သူ့အမေရဲ့ ဇာတ်ဝင်ခန်းဟောင်းကို ရိုက်ကူးထားတဲ့ပုံရိပ်လေးနဲ့အစပြုခဲ့ပြီး အမေသေဆုံးသွားတာ၆လပြည့်တဲ့နေ့မှာ Addison ဟာ Phoebe လို့ခေါ်တဲ့မိန်းကလေးသူငယ်ချင်းနဲ့အတူ သူတက်ချင်တဲ့ ချီကာဂိုကတက္ကသိုလ်တစ်ခုမှာ ဂန္တဝင်ဂီတကိုသွားရောက်လေ့လာသင်ကြားဖို့ လျှောက်လွှာဖောင်ကိုသွားတင်ခဲ့တာပေါ့ အပြန်လမ်းမှာ သူ့ သူငယ်ချင်း Kelvin ရှိတဲ့ကော်ဖီဆိုင်ကိုဝင်ပြီး တခြားနေရာသွားဖို့ကားပေါ်ပြန်တက်တဲ့အချိန် Phoebe ဟာ ကောလိပ်မသွားခင် မှာ Virgin လိုချင်ကြောင်းပြောပြီး အိမ်မှာမူစကူဒူး ရင်း Phoebe အမေဖုန်းဆက်လို့ Kelvin ဟာအသတ်ခံရတာသိလိုက်ရတယ် Kevin အသတ်ခံရတာဟာ gang အဖွဲ့ဝင်တစ်ဦးဖြစ်လို့ဆိုတဲ့အကြောင်းပြချက်ကိုလက်မခံနိုင်တဲ့ Addison ဟာ ကောလိပ်သွားတက်ဖို့ထပ် သူငယ်ချင်းအသတ်ခံရတဲ့အကြောင်းကိုပိုစိတ်အားထက်သန်သွားတဲ့အခါ ... Kevin ကတကယ်ပဲလူဆိုးဂိုဏ်းအဖွဲ့ဝင်လား ဒါမှမဟုတ် ဘာကြောင့်အသတ်ခံရတာလည်းဆိုတာ ဒီ movie ကြည့်ရင်း Addison နဲ့အတူတူအဖြေရှာရစို့လားနော်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Error ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း