ဇာတ်ကားများ ရွေးရန်

Justice League : Crisis On Infinite Earths - Part One

2024ဇာတ်ကားWeb-dl 1080p

DC ချစ်သူပရိသတ်တွေအတွက် Animation ကားအသစ်လေးထွက်ရှိလာပြန်ပါပြီ။ဒီတစ်ကားရဲ့နာမည်ကတော့ Justice League:Crisis On Infinite Earths - Part One ဖြစ်ပြီး Part Two ထွက်ရှိဖို့လဲရှိပါသေးတယ်။ဒီကြားထဲ DC ထုတ်ခဲ့တဲ့တခြားကားတွေမှာ Fail ခဲ့ပေမဲ့ ဒီ Animation လေးကတော့ IMDb Rating 6.6 အထိရရှိထားပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့ကတော့ Flash ဖြစ်ပြီးသူအပြိုင်ကမ္ဘာတွေကိုတောက်လျှောက်တွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီအပြင်ကိုမှသူကိုယ်တိုင်မထိန်းချုပ်ပဲနဲ့လဲ Timeline တွေကတစ်ခုပြီးတစ်ခုပြောင်းလဲနေပါတယ်။ကျန်တာတွေကတောက်လျှောက်ပြောင်းလဲနေပေမဲ့မပြောင်းလဲပဲနေရာတိုင်းအချိန်တိုင်းမှာရှိနေတာကတော့ကမ္ဘာတွေပျက်တော့မယ်ဆိုပြီးသူ့ကိုလာလာပြောနေတဲ့အိမ်ခြေရာမဲ့ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူ့ရဲ့ပင်မ Universe မှာလဲကမ္ဘာကိုဖျက်နိုင်စွမ်းရှိတဲ့စက်ရုပ်ကြီးတစ်ရုပ်နဲ့ရင်ဆိုင်နေရပြီး တခြားကမ္ဘာတွေမှာလဲပြဿနာတွေဖြစ်နေပါတော့တယ်။အဲ့လိုထူးထူးခြားခြားစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ရိုက်ကူးထားတဲ့ဒီကားလေးကိုတော့ကိုယ်တိုင်ပဲစီးမြောခံစားကြည့်လိုက်ဖို့ DC Fan တွေအတွက်သတင်းကောင်းပါးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း