Monster
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဒါရိုက်တာ Hirokazu Kore-eda ရိုက်ကူးတင်ဆက်ထားတဲ့ ဂျပန်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး IMDb Rating 8.0 ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆာအိုရီမူဂီနိုဟာ တစ်ခုလပ်မုဆိုးမတစ်ယောက်ဖြစ်ပြီး သူ့မှာ ငါးတန်းကျောင်းသားအရွယ် မင်နာတိုဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရုတ်တရက်ဆိုသလို မင်နာတိုရဲ့အပြုအမူတွေဟာ ထူးဆန်းလာတော့ ဆာအိုရီဟာ အရမ်းစိတ်ပူသွားပြီး အကြောင်းအရင်းကို မေးကြည့်လိုက်တော့ ငါးတန်းအတန်းပိုင်ဆရာဟိုရီက သူ့သားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ သိလိုက်ရပါတယ်။ အဲဒီတော့ ဆာအိုရီဟာ ကျောင်းအုပ်ကြီးရုံးခန်းကိုသွားပြီး ဒီကိစ္စကို အရေးယူပေးဖို့နဲ့ ဆရာဟိုရီကို အလုပ်ထုတ်ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ဆရာဟိုရီကတော့ သူဘာမှမလုပ်ခဲ့ကြောင်း အသည်းအသန်ငြင်းဆိုခဲ့ပြီး တကယ်တမ်းမှာ မင်နာတိုက ဟိုရှီကာဝါဆိုတဲ့ကျောင်းသူလေးကို အနိုင်ကျင့်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒီလိုနဲ့ ဆာအိုရီဟာ ဟိုရှီကာဝါရဲ့အိမ်ကို လိုက်သွားခဲ့ပြီး မင်နာတိုက ကျောင်းမှာအနိုင်ကျင့်လားလို့မေးလိုက်တော့ ဟိုရှီကာဝါက တစ်ခါမှမနိုင်မကျင့်ဖူးပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ တစ်ယောက်တစ်မျိုးစီပြောနေကြတဲ့ ပဟေဠိရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲ။ မင်နာတိုနဲ့ဟိုရှိကာဝါတို့ကြားမှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း