ဇာတ်ကားများ ရွေးရန်

Lift

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာထွက်ရှိလာတဲ့ Action, Comedy, Crime အမျိုးအစားဖြစ်ပြီး ဟာသမင်းသားကြီး Kevin Hart ပါဝင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုင်းရက်စ်ရဲ့အဖွဲ့ဟာ ဒေါ်လာသန်းချီတန်တဲ့ နာမည်ကြီး ပန်းချီကားတွေကို လိုက်လံခိုးယူနေတဲ့အဖွဲ့ဖြစ်ပြီး အင်တာပိုလ်ရဲတပ်ဖွဲ့က ဝရမ်းထုတ်ထားတဲ့အဖွဲ့ပါ။ တစ်နေ့မှာတော့ ဆိုင်းရက်စ်ရဲ့အဖွဲ့သားတချို့ဟာ ပန်းချီကားတစ်ခုကိုခိုးယူရင်း အင်တာပိုလ်ရဲတပ်ဖွဲ့ဆီမှာ အဖမ်းခံလိုက်ရပါတယ်။ ဒါပေမဲ့ အင်တာပိုလ်က ဆိုင်းရက်စ်ကို ဘဏ်သူဌေးကြီးတစ်ယောက်ရဲ့ရွှေချောင်းတွေကို ခိုးယူပေးမယ်ဆိုရင် အခုဖမ်းမိထားတဲ့လူတွေအပြင် ဆိုင်းရက်စ်တို့တစ်ဖွဲ့လုံးရဲ့ ပစ်မှုမှတ်တမ်းတွေကို ဖျောက်ဖျက်ပေးမယ်လို့ အပေးအယူလုပ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီသူဌေးကြီးဟာ ငွေကိုလွဲလို့ ဘာကိုမှဂရုမစိုက်တဲ့အပြင် စတော့ရှယ်ယာ အမြတ်အစွန်းအတွက် နာမည်ကြီးဟက်ကာအဖွဲ့နဲ့ပေါင်းကာ ရေပေးဝေးတဲ့ဆည်တွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ပြီး မြို့တွေကို‌ ရေလွှမ်းမိုးအောင်လုပ်မလို့ ကြံစည်နေတာပါ။ ဒီလိုနဲ့ ဆိုင်းရက်စ်နဲ့ အဖွဲ့သားတွေဟာ သေချာအစီအစဉ်ဆွဲပြီး ရွှေခိုးယူမယ့်မစ်ရှင်ကို စတင်လိုက်ပါတော့တယ်။ အဲဒီတော့ ဆိုင်းရက်စ်ရဲ့ အစီအစဉ်အတိုင်းအောင်မြင်သွားမလား။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း