Blood Money
Blood Money ဇာတ်ကားမှာတော့ မွန်ဘိုင်းကနေ မြို့ကြီးကိုတက်လာတဲ့ ကူနဲလ်ဟာ အောင်မြင်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်လာပြီးတော့ မိန်းမဖြစ်သူအာဇူလ်ကို ချမ်းချမ်းသာသာထားနိုင်ဖို့အတွက် အမြဲအိမ်မက်မက်နေသူဖြစ်တယ်။ကူနဲလ်တစ်ယောက် စိန်အရောင်းအ၀ယ်လုပ်ငန်းမှာ အလုပ်၀င်လုပ်ရင်း သူဌေးဖြစ်သူဇာဗီရာက ကူနဲလ်ရဲ့အရည်အချင်းတွေကို သဘောကျသွားတာကြောင့် အလုပ်မှာနေရာကောင်းရလာခဲ့တယ်။အလုပ်မှာအောင်မြင်လာပေမဲ့ မိန်းမဖြစ်သူအာဇူလ်ကို အချိန်မပေးနိုင်တာကြောင့် အာဇူလ်နဲ့ အမြဲပြသာနာတက်နေခဲ့ရတယ်။တစ်နေ့မှာတော့ ကူနဲလ်တစ်ယောက် သူလုပ်နေတဲ့ကုမ္ပဏီဟာ ဒုစရိုက်လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေမှန်းသိသွားခဲ့ပေမဲ့ အောင်မြင်ကြွယ်၀မှုကို လောဘတက်နေခဲ့တာကြောင့် သူပါဒုစရိုက်မှုတွေကို စတင်လုပ်ဆောင်ခဲ့တယ်။ရာဇ၀တ်မှုတွေနဲ့ကျူးလွန်လာရင်း ကူနဲလ်တစ်ယောက် သူရဲ့ငြိမ်းချမ်းတဲ့ဘ၀ရော ချစ်ရတဲ့မိန်းမအာဇူလ်ကိုပါ ဆုံးရှုံးရတော့မယ်ဆိုတာကို သိလိုက်ချိန်မှာတော့ ဒီဒုစရိုက်လောကကနေ ဘယ်လိုရုန်းထွက်မလဲ။သူဌေးဖြစ်သူကရော သူ့ကိုဒုက္ခမပေးဘဲနဲ့ လွယ်လွယ်လွှတ်ပေးပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nora ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း