ဇာတ်ကားများ ရွေးရန်

Sunrise

2024ဇာတ်ကားအမှတ် 4/10Web-dl 1080p

ကမ္ဘာပေါ်ကအကြီးမားဆုံးပြဿနာတွေထဲမှာလူမျိုးရေးခွဲခြားတာကထိပ်ဆုံးကအပါအဝင်ဖြစ်ပါတယ်။ဒီလူမျိုးကိုဟိုလူမျိုးကမုန်း ဟိုလူမျိုးကလဲဒီလူမျိုးကိုမုန်းနဲ့မပြီးနိုင်သောသံသရာကြီးကလည်ပတ်နေတော့တာပါပဲ။သူများနိုင်ငံမှာမပြောပါနဲ့ကိုယ်တွေနိုင်ငံမှာတောင်ခွဲခြားဆက်ဆံနေတာတွေအများကြီးတွေ့ရမှာပါ။အခုတင်ဆက်ပေးမဲ့ Sunrise ဆိုတဲ့ဇာတ်ကားထဲမှာလဲ လူမျိုးရေးခွဲခြားမှုအစွန်းရောက်နေတဲ့အကြောင်းကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင်ရိုက်ကူးထားတာကိုတွေ့ရမှာပါ။ရေနိုးလို့ခေါ်တဲ့လူကအရမ်းလူမျိုးရေးခွဲခြားတတ်ပြီး သူ့မြေပေါ်မှာလာနေတဲ့တိုင်းတစ်ပါးသားတွေအကုန်လုံးကိုရှင်းပစ်တတ်ပါတယ်။အဲ့လိုရှင်းပစ်နိုင်လောက်တဲ့အာဏာပါဝါကလဲသူ့ဆီမှာရှိပြီး အခုလဲအာရှမိသားစုတစ်စုကိုရှင်းပစ်ဖို့ကြံနေပါတယ်။ ဇာတ်လမ်းအစမှာတင်ယောက်ျားဖြစ်သူကိုပြောင်းရွှေ့ဖို့ခြိမ်းခြောက်ပြီးလက်မခံလို့တန်းလျှော့လိုက်ပါတော့တယ်။ဒီလိုနဲ့အမေဖြစ်သူနဲ့သားသမီးနှစ်ယောက်ပဲကျန်ခဲ့ကြပြီး အဲ့ဒီမိသားစုကိုလဲအိမ်မီးရှို့ပြီးရှင်းပစ်ဖို့လုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီညမှာပဲသူတို့မိသားစုဆီကိုဒဏ်ရာရနေတဲ့လူတစ်ယောက်ရောက်လာပါတော့တယ်။ကိုယ်နဲ့မသိပေမဲ့လဲအဲ့ဒီလူကိုကုသပေးခဲ့ကြပြီး နောက်ပိုင်းမှာ ရန်နိုးရဲ့ခြိမ်းခြောက်မှုတွေကိုကြုံလာရတဲ့အခါမှာအဲ့ဒီလူကမားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်။သူတို့ဆီရောက်လာတဲ့အဲ့ဒီလူကရောဘယ်သူလဲ လူမျိုးရေးအရမ်းခွဲခြားတဲ့ရန်နိုးရောနောက်ဆုံးမှာအဆုံးသတ်လှနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း