Wonka
ဒီဇာတ်ကားလေးဟာ Willy Wonka & the Chocolate Factory (1971) နဲ့ Charlie and the Chocolate Factorya (2015) တို့အပြီးမှာ ထွက်ရှိလာတဲ့ Wonka ရဲ့ တတိယမြောက်ဇာတ်ကားလေးဖြစ်ပြီး မင်းသားချော Timothée Chalamet က Wonka အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ Wonka ဟာ ပင်လယ်ပြင်မှာ ၇ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး နောက်ပိုင်းအချိန်ကာလကို အခြေခံထားတာဖြစ်ပြီး သူ့ရဲ့ချောကလက်အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ကြိုးစားခဲ့ရပုံတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Wonka ဟာ သူ့ရဲ့ချောကလက်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ငွေဒင်္ဂါး ၁၂ ပြားနဲ့ မြို့ကိုလာခဲ့ပေမယ့် တစ်ရက်မကုန်ခင်မှာပဲ လက်ဗလာဖြစ်သွားခဲ့ပြီး လမ်းဘေးမှာအိပ်ရဖို့အခြေအနေမျိုးကို ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ Wonka ကိုကူညီပေးမယ့်လူတစ်ယောက်ရောက်လာခဲ့ပြီး တကယ်တော့ ကူညီပေးတာမဟုတ်တဲ့အပြင် Wonka ကို ဒင်္ဂါးတစ်သောင်းအကြွေးတင်သွားအောင် လုပ်ချလိုက်တာပါ။ အဲဒီတော့ Wonka ဟာ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ပြီး သူ့ရဲ့ချောကလက်အိပ်မက်ကို အကောင်အထည်ဖော်သွားမလဲ ဆိုတာကို သီချင်းကောင်းကောင်းလေးတွေနဲ့ကြည့်ရှုခံစားရမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း