ဇာတ်ကားများ ရွေးရန်

Ferrari

2023ဇာတ်ကားWeb-dl 4K SDR

Lamborghini တို့ Ferrari တို့လို့ပြောလိုက်ရင်ပြိုင်ကားစိတ်မဝင်စားတဲ့သူတွေတောင်မှအနည်းနဲ့အများကြားဖူးနား၀ရှိနေကြမှာပါပဲ။ဒီကားတွေကယောက်ျားတော်တော်များများရဲ့ Dream Car တွေဖြစ်ကြပြီးအဲ့လိုနေရာအထိရောက်လာဖို့လဲအခက်အခဲပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ Ferrari လို့ခေါ်တဲ့ဇာတ်ကားထဲမှာတော့ Ferrari ကားကုမ္ပဏီကျော်ဖြတ်လာခဲ့ရတဲ့အခက်အခဲတွေထဲကမှအကြီးမားဆုံးတစ်ခုကိုဇာတ်အိမ်တည်ပြီးရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်နွေရာသီမှာ Ferrari ကုမ္ပဏီကိုထူထောင်သူအီတလီစွန့်ဦးလုပ်ငန်းရှင်ဖြစ်တဲ့အန်ဇိုဖရာရီက Mille Miglia မှာဝင်ပြိုင်ဖို့အတွက်ပြိုင်ကားအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။ဒါပေမယ့်အဲ့လိုအချိန်မှာပြိုင်ကားအသင်းတစ်ခုထောင်ဖို့ဆိုတာလွယ်ကူမနေခဲ့ပဲ ကိုယ်ရေးကိုယ်တာပြဿနာတွေရော ငွေရေးကြေးရေးပြဿနာတွေရောပါရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒါကြောင့်မလို့ကုမ္ပဏီအရှုံးပေါ်ပြီးပျက်စီးတော့မလိုတွေပါဖြစ်ခဲ့ပြီး အဲ့ဒီပြဿနာတွေကိုဖရာရီတစ်ယောက်အကောင်းဆုံးဘယ်လိုပြန်လည်ဖြေရှင်းသွားပြီးတော့ ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်လာအောင်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာတွေကိုကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း