ဇာတ်ကားများ ရွေးရန်

Wil

2024ဇာတ်ကားWeb-dl 1080p

လူမျိုးရေးခွဲခြားတဲ့သမိုင်းတွေထဲမှာ ဂျာမန်တွေကဂျူးတွေကိုလူမျိုးရေးခွဲခြားခဲ့တဲ့အဖြစ်ကအကြီးမားဆုံးသမိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့လိုရက်စက်လှတဲ့ဖြစ်ရပ်တွေက ၁၉၄၀ လောက်မှာနာဇီတွေကအန့်ဝါ့မြို့ကိုသိမ်းပိုက်ထားခဲ့တဲ့ကာလမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းကဆိုရင်ဂျူးတွေမှာပြေးစရာမြေနေစရာအိမ်တောင်မရှိကြပါဘူး။အခုတင်ဆက်ပေးမဲ့WILL ဆိုတဲ့ IMDb Rating 7.4 ရရှိထားတဲ့ဇာတ်ကားမှာ အဲ့ဒီတုန်းကသမိုင်းတွေကိုမျက်ဝါးထင်ထင်မြင်တွေ့ရအောင်ရိုက်ကူးပြသထားတာကိုတွေ့ရတာဖြစ်ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ဂျာမန်တွေရှိသလိုဂျူးတွေအပေါ်မှာသနားကြင်နာတတ်တဲ့ဂျာမန်တွေလဲရှိကြပါသေးတယ်။ ဝေလ်ဆိုတဲ့ရဲအရာရှိဖြစ်တာမကြာသေးတဲ့ကောင်လေးတစ်ယောက်ကစစ်တပ်ရဲအရာရှိတစ်ယောက်ကဂျူးမိသားစုတစ်စုအပေါ်မှာရက်စက်ယုတ်မာနေတာကိုတွေ့ပြီးသည်းမခံနိုင်လို့ဝင်ပါလိုက်တဲ့အခါမှာအဲ့ဒီအရာရှိကသေသွားပါတော့တယ်။အဲ့ဒီအချိန်ကနေစပြီးဝေလ်ကဂျူးလူမျိုးတွေနဲ့တော်လှန်ရေးသမားတွေအပေါ်မှာတောက်လျှောက်ကူညီခဲ့ပြီး အဲ့ဒီအကြောင်းတွေကိုသူ့အထက်အရာရှိတွေသိသွားတဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့သမိုင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း