ဇာတ်ကားများ ရွေးရန်

My Sex Doll Bodyguard

2020ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Sex Doll အရုပ်လေးနဲ့ လူသားတစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာကို ဟာသလေးတွေနဲ့ ပုံဖော်ထားတဲ့ Adult Comedy ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစ်သ်ဟာ ဆယ်ကျော်သက်အရွယ် တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်ပြီး သူ့အဖေကတော့ ပွန်းလောကရဲ့ဘုရင်ကြီးလို့တင်စားရလောက်တဲ့ နာမည်ကျော်အပြာမင်းသားဖြစ်ပါတယ်။ တစ်နေ့မှာ အစ်သ်ရဲ့အဖေဟာ ရုပ်ရှင်ရိုက်ရင်း နှလုံးဖောက်ပြီး ကွယ်လွန်သွားတော့ အစ်သ်က တစ်ကောင်ကြွက်ဖြစ်သွားပါတော့တယ်။ နောက်တစ်နေ့မနက်ရောက်တော့ အစ်သ်ရဲ့အိမ်ရှေ့ကို စက္ကူဗုံးတစ်ခုရောက်နေပြီး စပ်စုချင်စိတ်နဲ့ဖွင့်ကြည့်လိုက်တဲ့အခါ ဉာဏ်ရည်တုပရိုဂရမ်ထည့်သွင်းထားတဲ့ အန်နာလို့ခေါ်တဲ့ Sex Doll အရုပ်လေးဖြစ်နေပါတယ်။ အဲဒီ Sex Doll အရုပ်ကို အစ်သ်ရဲ့ အဖေနဲ့ ဦးလေးချောင်တို့က ဘတ်သန်းတစ်ရာချေးပြီး တီထွင်ဖန်တီးထားတာဖြစ်ပြီး အစ်သ်ရဲ့ အဖေကို စမ်းသပ်အသုံးပြုဖို့ ပို့ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ပါဝင်ဖွင့်လိုက်တာက အစ်သ်ဖြစ်နေတဲ့အတွက် စနစ်က အန်နာရဲ့ပိုင်ရှင်အဖြစ် သတ်မှတ်လိုက်ပါတော့တယ်။ အဲဒီတော့ ဆယ်ကျော်သက်လေးအစ်သ်နဲ့ Sex Doll အရုပ်မလေး အန်နာတို့ဟာ ရှေ့ဆက်ပြီး ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (၁၈+ ဟာသကားဖြစ်တဲ့အတွက် အသက်မပြည့်သူတွေမကြည့်ရှုသင့်ပါ) ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း