ဇာတ်ကားများ ရွေးရန်

Bosco

2024ဇာတ်ကားWeb-dl 1080p

ထောင်ဖောက်ကားတွေကိုမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ပိုစိတ်ဝင်စားစရာကောင်းသွားအောင် ဖြစ်ရပ်မှန်ထောင်ဖောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Bosco ဖြစ်ပြီး IMDb Rating 6.2 ရရှိထားပါတယ်။ဒီဇာတ်ကားကို ၂၀၀၄ ခုနှစ်ကဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနဲ့ထောင်ဒဏ် ၃၅ နှစ်တောင်ချမှတ်ခံခဲ့ရတဲ့ ကွမ်တေးဘော့စ်ကိုအက်ဒမ်ဆိုတဲ့လူမည်းတစ်ယောက်ရဲ့ဘ၀ကိုအခြေခံပြီးပြန်လည်ရိုက်ကူးအသက်သွင်းထားတာပဲဖြစ်ပါတယ်။အက်ဒမ်ရဲ့ငယ်ဘ၀ကကြမ်းတမ်းခဲ့ပြီးအဖေကိုယ်တိုင်ကိုကမူးယစ်ဆေးရောင်းဝယ်တဲ့သူဖြစ်တဲ့အတွက်အက်ဒမ်တစ်ယောက်ဒီလမ်းစဉ်ကိုလိုက်ခဲ့တာကလဲမဆန်းပါဘူး။အက်ဒမ်ကဉာဏ်ကောင်းပေမဲ့လောကဓံတွေရဲ့ရိုက်ချက်ကြောင့်ဒီလောကထဲမှာပဲကျင်လည်ခဲ့ရပြီးအသက် ၂၀ လောက်မှာတော့အထက်မှာပြောထားခဲ့တဲ့အတိုင်းပဲထောင်ဒဏ် ၃၅ နှစ်ကျသင့်ခဲ့ပါတော့တယ်။ အမှန်တကယ်ကတော့အသေးစားမူးယစ်ဆေးမှုလေးကြောင့်ဒီလောက်နှစ်တွေအများကြီးအပြစ်ဒဏ်ခံရတာကတရားမျှတတယ်လို့တော့မဟုတ်လှပါဘူး။အဲ့ဒါကိုအက်ဒမ်ကသိတဲ့အတွက်တင်းနေတဲ့အပြင်ကိုမှအပြင်မှာကျန်ခဲ့တဲ့သူ့ကောင်မလေးမှာကိုယ်ဝန်ရှိနေပြီးအဖေတစ်ယောက်ဖြစ်လာတော့မယ်ဆိုတာကိုသိလိုက်ရတဲ့နောက်မှာတော့ထောင်ထဲဝင်တာမှမကြာသေးဘူး ထွက်ပြေးဖို့အတွက်နေ့တိုင်းအစီအစဉ်ဆွဲနေခဲ့ပြီး နောက်ဆုံးမှာအောင်မြင်နိုင်ပါ့မလား အဲ့ဒီအတောအတွင်းမှာရောဘယ်လိုအတွေ့အကြုံတွေကြုံတွေ့ရပြီးသူ့အတွက်ဘယ်လိုသင်ခန်းစာတွေရရှိခဲ့တယ်ဆိုတာကိုကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း