Sinderella
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ 2006 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Horror, Mystery အမျိုးအစား ကိုးရီးယားဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟျွန်းဆုဟာ အရမ်းလှပတဲ့ အထက်တန်းကျောင်းသူလေး တစ်ယောက်ဖြစ်ပြီး သူ့အမေကတော့ ပလပ်စတစ်ဆာဂျရီဆရာ၀န်ပါ။ ဟျွန်းဆုသူငယ်ချင်းတွေကတော့ နှာခေါင်းပြင်တဲ့သူပြင် မျက်နှာပြင်တဲ့သူနဲ့ လှချင်လွန်းလို့ လိုအပ်တာတွေမှန်သမျှ အကုန်ခွဲစိတ်ပြုပြင်ကြတဲ့သူတွေပါ။ သူတို့ဟာ ဟျွန်းဆုအမေဆီမှာ ခွဲစိတ်မှုခံယူပြီးနောက်ပိုင်း နဂိုပုံစံထက် အများကြီးပိုလှသွားတော့ ကျေနပ်နေကြတာပေါ့။ ဒါပေမယ့် သိပ်မကြာခင်မှာ ဟျွန်းဆုအမေဆီမှာ ခွဲစိတ်မှုခံယူဖူးသူတွေအားလုံး ထူးဆန်းတဲ့သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေလာရပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်သူတွေပါ ရှိလာတော့ ဟျွန်းဆုဟာ အိမ်ရဲ့မြေအောက်ခန်းထဲမှာ ဟိုဟိုဒီဒီမွှေနှောက်ရင်း သူ့မျက်နှာနဲ့ လုံး၀ချွတ်စွတ်တူနေတဲ့မိန်းကလေးတစ်ယောက်ရှိနေတယ်ဆိုတာ သိလိုက်ရပါတော့တယ်။ အဲဒီတော့ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေမလဲ။ ဟျွန်းဆုနဲ့ချွတ်စွတ်တူနေတာကရော ဘယ်သူဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း