ဇာတ်ကားများ ရွေးရန်

Matchless Mulan

2020ဇာတ်ကားWeb-dl 1080p

မူလန်လို့ပြောလိုက်တာနဲ့တရုတ်နိုင်ငံကစစ်သည်တော်အမျိုးသမီးသူရဲကောင်းကိုလူတိုင်းပြေးမြင်ကြမှာအသေအချာပါပဲ။ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့မူလန်ကာတွန်းကားတွေကလူတော်တော်များများရဲ့ဘ၀တွေမှာနေရာယူထားခဲ့ပြီးစိတ်ဓာတ်ခွန်အားတက်ကြွစရာဖြစ်ခဲ့ပါတယ်။အပြင်လောကရဲ့တရုတ်သမိုင်းကြောင်းမှာတော့မူလန်ဆိုတဲ့သူရဲကောင်းကတကယ်မရှိခဲ့ပေမဲ့ယနေ့ထိတိုင်သူ့ကိုလေးစားဂုဏ်ပြုပြီးပုံရိပ်တွေကိုရှင်သန်အောင်ထိန်းသိမ်းထားနေကြတုန်းပါ။အခုတင်ဆက်ပေးမဲ့ 2020 တုန်းကထွက်ရှိခဲ့တဲ့ Matchless Mulan ဆိုတဲ့ဇာတ်ကားကလဲမူလန်အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားတွေထဲကတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းကိုတော့တော်တော်များများသိပြီးကြပေမဲ့မရင်းနှီးသေးတဲ့သူတွေအတွက်အကျဉ်းချုပ်အနေနဲ့ပြောပြပေးပါ့မယ်။မူလန်ဆိုတာကဝေတိုင်းပြည်မှာနေထိုင်နေတဲ့စစ်သည်တော်ဟောင်းတစ်ဦးရဲ့သမီးဖြစ်သူဖြစ်ပြီး တခြားမိန်းကလေးတွေနဲ့မတူပဲသူကရဲရင့်သလိုဓားရေးမှာလဲကျွမ်းကျင်ပါတယ်။သူတို့တိုင်းပြည်ကိုရိုရန်တွေကျုးကျော်တိုက်ခိုက်လာပြီးနောက်မှာတော့စစ်ရေးအင်အားလိုအပ်လာတဲ့အတွက်အမျိုးသားတွေတစ်အိမ်တစ်ယောက်တာဝန်ထမ်းဆောင်ဖို့အမိန့်ကျလာခဲ့ပါတော့တယ်။အဲ့ဒီခေတ်ကစစ်တပ်မှာအမျိုးသားတွေပဲတာဝန်ထမ်းဆောင်ခွင့်ရှိပြီးအမျိုးသမီးတွေကိုစစ်တပ်ထဲမှာတွေ့ရင်အပြစ်ဒဏ်ကကြီးမားပေမဲ့ ဖခင်ဖြစ်သူရဲ့ကျန်းမာရေးကြောင့် အိမ်ကိုမပြောပဲယောက်ျားလေးအနေနဲ့တာဝန်ထမ်းဆောင်ဖို့ထွက်ခွာခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့စစ်ရေးကျွမ်းကျင်မှုနဲ့ရဲရင့်မှုကြောင့်တပ်ထဲမှာနေရာရလာခဲ့ပြီး တိုင်းပြည်ရဲ့ရှေ့တန်းခံစစ်ဖြစ်တဲ့လီရှူမြို့ကိုကာကွယ်ရင်းနဲ့တွေ့ကြုံလာရသမျှအခက်အခဲတွေကိုကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း