ဇာတ်ကားများ ရွေးရန်

Joram

2023ဇာတ်ကားWeb-dl 1080p

Joramဒီဇာတ်ကားမှာတော့ ဒါလ်ဆုဟာ မွေးရပ်မြေကို စွန့်ပစ်ကာ မိန်းမဖြစ်သူဗာလ်လိုနဲ့မွေးကင်းစလသားအရွယ်သမီးလေးဂျိုလ်ရမ်နဲ့အတူ ဆောက်လုပ်‌ရေးခွင်မှာ အလုပ်လုပ်ပြီးတော့ အသက်ရှင်ရုန်းကန်နေရသူတစ်ယောက်ဖြစ်တယ်။ဗာလ်လိုက မွေးရပ်မြေကို ပြန်ချင်ပေမဲ့ ဗာလ်ဆုရဲ့အတိတ်က လုပ်ရပ်တွေကြောင့် မွေးရပ်မြေကို ပြန်လို့မရဖြစ်နေခဲ့တယ်။တစ်နေ့မှာတော့ အမည်မသိလူတွေက ဗာလ်ဆုတို့အိမ်ရောက်လာပြီး ဇနီးဖြစ်သူဗာလ်လိုကို သတ်ဖြတ်သွားခဲ့တဲ့အပြင် ရဲတွေကလဲ ဗာလ်ဆုကို လူသတ်သမားအဖြစ်လိုက်လံဖမ်းဆီးနေတာကြောင့် သမီးလေးဂျိုလ်ရမ်ကိုခေါ်ကာ မွေးရပ်မြေကို ပြန်လာခဲ့တယ်။ ဗာလ်ဆုရဲ့ အတိတ်ကလုပ်ရပ်တွေကြောင့် သူတို့မိသားစုကိုလက်စားချေဖို့အတွက် မွေးရပ်မြေမှာ စောင့်နေတဲ့လူရှိကြောင်းကို မသိတဲ့ဗာလ်ဆုတစ်ယောက်ဟာ မွေးရပ်မြေကို ထွက်ပြေးသွားချိန်မှာတော့ ဗာလ်ဆုတို့သားအဖအန္တရာယ်ကင်းပါ့မလား။ဗာလ်ဆုတို့မိသားစုကို သတ်ချင်နေတာကရော ဘယ်သူဖြစ်နိုင်မလဲဆိုတာကို ကြည့်ရှုပေးကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲံ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း