ဇာတ်ကားများ ရွေးရန်

I.S.S.

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Sci-Fi, Thriller အမျိုးအစားဖြစ်ပြီး သံသယစိတ်ကြောင့် ပြောင်းလဲတတ်တဲ့ လူ့သဘောသဘာဝကို ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကီရာဟာ ဇီဝအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး I.S.S အာကာသသုတေသနစခန်းမှာ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ပထမဆုံး အတွေ့အကြုံဖြစ်တဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေသလို စိုးရိမ်ပူပန်မှုတွေကလည်း ပြည့်နှက်နေခဲ့တာပေါ့။ I.S.S အာကာသသုတေသနစခန်းကို အမေရိကန်နဲ့ရုရှားက ပူးပေါင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် အမေရိကန်အာကာသယာဉ်မှူးတွေပါဝင်သလို ရုရှားအာကာသယာဉ်မှူးတွေလည်း ပါဝင်ပါတယ်။ အားလုံးက အသစ်ရောက်လာတဲ့ကီရာကို ဆောင်ရန်ရှောင်ရန်တွေမှာပြီးတဲ့နောက် အာကာသထဲက အရမ်းလှတဲ့မြင်ကွင်းတစ်ခုကိုပြသခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်မှာ မီးတောင်ပေါက်ကွဲမှုလိုလိုမီးရောင်တွေကို မြင်တွေ့ခဲ့ရပြီး တကယ်တော့ အဲဒီမီးရောင်တွေဟာ အမေရိကန်နဲ့ရုရားကြားမှာနျူကလီးယား စစ်ပွဲဖြစ်နေတာပါ။ အဲဒီအဖြစ်အပျက်ပြီး သိပ်မကြာခင်မှာပဲ ဆက်သွယ်ရေးလိုင်းတွအားလုံး ပြတ်တောက်သွားပြီး အားလုံးဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ပါတော့တယ်။ ဒါပေမဲ့ ဆက်သွယ်ရေးလိုင်းတွေမပြတ်ခင်မှာ အမေရိကန်ဘက်က လျှို့ဝှက်အမိန့်တစ်ခု ရခဲ့သလို ရုရှားဘက်ကလည်း လျှို့ဝှက်အမိန့်တစ်ခုရခဲ့ပါတယ်။ အဲဒီအမိန့်ကတော့ I.S.S အာကာသသုတေသနစခန်းကို ဘာနည်းနဲ့ဖြစ်ဖြစ် ထိန်းချုပ်ဖို့ပါပဲ။ အရင်တုန်းက ညီအစ်ကိုတွေလို မောင်နှမတွေလို ခင်မင်လာကြသူတွေဟာ အမိန့်လေးတစ်ခုကြောင့် သံသယစိတ်တွေလွှမ်းမိုးသွားပြီး အဲဒီစိတ်တွေကပဲ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေကို ဦးတည်စေခဲ့ပါတယ်။ အဲဒီတော့ I.S.S အဖွဲ့သားတွေဟာ ဘယ်လိုအန္တရာယ်နဲ့ကြုံတွေ့ရပြီး ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း