ဇာတ်ကားများ ရွေးရန်

Players

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Comedy, Romance အမျိုးအစား ဖြစ်ပြီး ဟာသမင်းသားကြီး Damon Wayans Jr က ပါဝင်သရုပ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မက်ခ်ဟာ နယူးယောက်အားကစားသတင်းသမား တစ်ယောက်ဖြစ်ပြီး သူ့သူငယ်ချင်းတွေနဲ့ "ချိတ်" စကားနည်းကို နှစ်တွေအကြာကြီး ကစားလာခဲ့တာပါ။ သူတို့ဟာ တစ်ယောက်တစ်လှည့်စီ ပစ်မှတ်ရွေးချယ်ပြီး အလှည့်ကျတဲ့သူက ပစ်မှတ်ကို အစီအစဉ်ဆွဲပြီး ဝင်ရောရပါတယ်။ ဒါပေမဲ့ တစ်ညတာ သာယာမှုပါပဲ။ နောက်နေ့ကျရင် အဲဒီကိစ္စကို ဘယ်သူမှစိတ်ထဲမထားတော့ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ မက်ခ်ဟာ သူ့ရဲ့ပစ်မှတ်ကို တစ်ညတာအတွက် ရည်ရွယ်ထားခဲ့ပေမယ့် အမှန်တကယ်ချစ်မိသွားခဲ့ပါတယ်။ အဲဒီတော့ မက်ခ်နဲ့အဖွဲ့သားတွေဟာ ဂိမ်းကစားတာ မဟုတ်တော့ပဲ မက်ခ်နဲ့သူ့ရဲ့ပစ်မှတ်ကို အစီအစဉ်ဆွဲပြီး အောင်သွယ်ပေးကြပါတော့တယ်။ Love is Blind ဆိုတဲ့စကားလိုပဲ မက်ခ်ကို ဟိုအရင်ကတည်းက တိတ်တခိုးချစ်နေတဲ့သူ တစ်ယောက်ရှိပါတယ်။ ဒီတော့ မက်ခ်ဟာ ဘယ်သူ့ကိုအချစ်စစ် အချစ်မှန်နဲ့ ချစ်မိနေတာလဲ သူ့ရဲ့ဘဝလက်တွဲဖော်က ဘယ်သူဖြစ်နေမလဲဆိုတာကို ဟာသလေးတွေ၊ အလှည့်အပြောင်းလေးတွေနဲ့ ကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း