ဇာတ်ကားများ ရွေးရန်

Head Bush

2022ဇာတ်ကားWeb-dl 1080p

အိန္ဒိယနိုင်ငံဟာ အမြဲလိုလို ဆင်းရဲသားနဲ့အထက်တန်းမျိုးရိုးဆိုပြီးတော့ ခွဲခြားနိမ့်ချလေ့ရှိပါတယ်။ ချမ်းသာတဲ့လူမျိုးစုတွေဟာ ဘယ်ကိစ္စမျိုးမှာမဆို အမြဲလာဘ်ပေးလာဘ်ယူလုပ်လေ့ရှိပြီးတော့ အနိုင်ရလေ့ရှိပါတယ်။ တစ်နေ့တော့ အစိုးရက ဒီလိုမျိုးအဖြစ်အပျက်တွေကို ဖြေရှင်းဖို့အတွက် အိန္ဒိယတပ်ဖွဲ့ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းဖို့ အစီအစဉ်ချပါတော့တယ်။ ထိုအဖွဲ့အစည်းက ဆင်းရဲ့သားပြည်သူတွေကို ထောက်ပံ့ပြီး လူချမ်းသာအထက်တန်းမျိုးရိုးကို နည်းလမ်းမှန်မှန်နဲ့ အနိုင်ယူနိုင်ဖို့ဖြစ်ပါတယ်။ မင်းသားဂျေယာရာ့ဂျ်က ငယ်စဉ်ကတည်းက နပန်းကွင်းမှာကြီးပြင်းလာတဲ့သူတစ်ဦးဖြစ်ပြီး အလွန်စိတ်ဆက်တတ်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ နောက်ကွယ်ကနေ ဆင်းရဲသားတွေအတွက် အကူအညီအမြဲပေးတတ်သူဖြစ်ပါတယ်။ တစ်နေ့တော့သူ့ဆီကို အိန္ဒိယတပ်ဖွဲ့ဖွဲ့ဖို့အတွက် ဖြစ်လာချိန်မှာတော့ သူကဘန်ဂလိုပြည်နယ်အတွင်းမှာရှိတဲ့ လူဆိုးဂိုဏ်းတွေကို စည်းရုံးဖို့ဖြစ်လာပြီး ခေါင်းဆောင်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ဂျေယာရာ့ဂျ်တို့ အိန္ဒိယတပ်ဖွဲ့က စည်းစနစ်ကျပြီးအုပ်ချူပ်နိုင်တဲ့ လူငယ်တပ်ဖွဲ့ဖြစ်လာနိုင်မလား ဒါမှမဟုတ် လူဆိုးဂိုဏ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မို့ နောက်ဆုံးမှာ ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာ ဒီကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shwe Yee ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း