ဇာတ်ကားများ ရွေးရန်

Float

2023ဇာတ်ကားWeb-dl 1080p

IMDb Rating 5.1 ရရှိထားတဲ့ Float လို့ခေါ်တဲ့ဒီဇာတ်ကားလေးကိုမိဘတွေရဲ့ချုပ်ခြယ်ခြင်းကိုခံရတဲ့သားသမီးတွေအတွက်စိတ်ထွက်ပေါက်အနေနဲ့ကြည့်သင့်ပါတယ်။မိဘနဲ့သားသမီးဆက်ဆံရေးမှာတင်းလွန်းရင်လဲမကောင်းလျော့လွန်းရင်လဲမကောင်းတဲ့အတွက်သာမန်လေး သားသမီးတွေနဲ့လိုက်လျောညီထွေနေပေးဖို့လိုသလို သားသမီးတွေလဲမိဘနဲ့လိုက်လျောညီထွေနေပေးဖို့လိုအပ်ပါတယ်။ ဇာတ်လမ်းအစမှာဝေဗလီဆိုတဲ့ကောင်မလေးကနွေရာသီအားလပ်ရက်မှာသူ့မိဘတွေနဲ့ပြန်တွေ့ရတော့မှာမလို့ပျော်နေတုန်း တခြားတစ်နေရာမှာအလုပ်လုပ်ဖို့ချိတ်ပေးထားတဲ့အတွက်အိမ်ပြန်မလာတော့ပဲအလုပ်သွားလုပ်ဖို့အမေဖြစ်သူကဖုန်းလှမ်းဆက်တဲ့အခါမှာ စိတ်ကူးပေါက်ရာလျှောက်သွားရင်းနဲ့အဒေါ်ဖြစ်သူရှိရာနယ်မြို့လေးကိုရောက်သွားပါတော့တယ်။နယ်မြို့လေးကသိပ်မခမ်းနားပေမဲ့နယ်ခံတွေရဲ့နွေးထွေးမှုတွေနဲ့ ကျောင်းတက်ကတည်းကမိဘရဲ့မောင်းနှင်မှုကြောင့်သေချာအနားမယူရသေးတဲ့ဝေဗလီတစ်ယာက်အဲ့ဒီမြို့လေးမှာပဲနွေရာသီဆက်နေဖြစ်ခဲ့ပြီး ဘယ်လိုအတွေ့အကြုံတွေ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေဖန်တီးသွားမယ်ဆိုတာကိုကြည့်ရမဲ့ဒရာမာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း