Ghost Rookie
လူတစ်ယောက်သေပြီးရင် ဘဝဟာတကယ်ဘဲ အဆုံးသတ်သွာပြီလား လူကြီးတွေပြောကြတာတော့ လူတွေဟာ သေဆုံးပြီးရင် မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီး နတ်ပြည်တက်ရတယ်၊ငရဲပြည်ဆင်းရတယ်၊ပြိတ္တာဘုံရောက်တယ်၊သရဲဘဲဆက်ဖြစ်နေမယ် ဘာညာသာရကာပေါ့။ Ghost Rookie ထဲမှာလည်း ဒီလိုပါဘဲ လူတွေသေပြီးတဲ့အခါ Upgrade တွေအများကြီးမြင့်ထားတဲ့ သရဲဘုံကိုရောက်ကြရတယ်။သရဲဘုံကနေမှ လူပြန်ဝင်စားကြတယ်ပေါ့။ သရဲဘုံမှာဆို ဝတ်ချင်တာဝတ်လိုရတယ်၊ ထမင်းလဲစားလိုရတယ်၊ shopping လဲထွက်လိုရတယ်၊ ဒါ့အပြင် လူ့ပြည်ထက်အဆင့်မြင့်တာက အစွမ်းတွေလည်းသုံးလိုရတယ်။ ဒီအရာတွေအားလုံးကို ဘော့စ်ဆိုတဲ့ ဘော့စ်သရဲက သူ့ရဲ့သရဲApplication တစ်ခုနဲ့ထိန်းချုပ်ထားတယ် Application ထဲမှာတော့ ကုသိုလ်မှတ်တွေရှိတယ်၊လူ့ဘဝက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေအပေါ်မူတည်ပြီး ကုသိုလ်မှတ်တွေကိုသတ်မှတ်တယ်။လူ့ပြည်နဲ့ခိုင်းနှိင်းရရင် ကုသိုလ်မှတ်ဟာ ပိုက်ဆံဘဲ။ဘာလုပ်လုပ်ကုန်တယ်။ကုသိုလ်မှတ်နောက်ဆုံးမှတ်ရောက်ပြီဆိုရင်တော့ အရမ်းရုပ်ဆိုးတဲ့ နတ်ဆိုးအသွင်ကိုပြောင်းသွားတယ်။ ဝင်းဆိုတာကတော့ မွေးကတည်းက ကံဆိုးပြီး သူ့ဘဝမှာ ကံကောင်းတာတစ်ခုမှမရှိဖူးဘူးလို ဆိုရတဲ့အထိဘဲ။ ကံဆိုးတယ်ဆိုလို ကုသိုလ်လုပ်လားဆိုလဲ မလုပ်ပါဘူး၊ ဆိုးတာလုပ်လားဆိုလဲ မလုပ်ပါဘူး ။ ချဲဒိုင်ဘဲ ကိုင်တာပါ ။ ချဲဆိုတာ မကောင်းတဲ့အရာမိုလို ကုသိုလ်လဲမလုပ်ဖူးတဲ့ဝင်းကတော့ တနေ့မှာ ကိုမာဖြစ်ပြီး သူ့ရဲ့ဝိဉာဉ်က သရဲဘုံကိုတက်သွားပါတော့တယ်။သရဲဘုံကိုအရောက် ကုသိုလ်မှတ်တွေနည်းနေတဲ့ သူ့အဖိုတော့ ဒုက္ခလှလှတွေ့ပါပြီ။စားချင်တာလည်းမစားရ၊လုပ်ချင်တာလည်းမလုပ်ရတာကြောင့် အမှီအခိုရှာရပါတော့တယ်။ ဝင်းရဲ့အမှီအခိုကတော့ နတ်ကွန်းတစ်ခုမှာ သူ့ကိုယ်သူမယ်တော်ဆိုပြီးလိမ်ထားတဲ့ ဖားကလိုက်ဆီမှာဘဲဖြစ်ပါတယ်။ဖားကလိုက်ကတော့ မြန်နိုင်သလောက်မြန်မြန် ပြန်လည်မွေးဖွားလာချင်နေသူဖြစ်ပါတယ်။ သိုပေမယ့် ဖားကလိုက်ရဲ့ နတ်ကွန်းမှာ မကြာခင် အဖြိုအဖျက်ခံရတော့မယ်ဖြစ်တာကြောင့် ဝင်းကလည်း သူ့ရဲ့စားခွက်ပျောက်မှာကြောင့်ရော မယ်တော့်ကိုချစ်မိနေတာကြောင့်ရော နတ်ကွန်းကိုကယ်တင်ဖို ကြိုးစားကြပါတော့တယ်။ နောက်ဆုံးမှာသူတိုတတွေ နတ်ကွန်းကိုကယ်တင်နိုင်မလား။ကိုမာဝင်နေတဲ့ဝင်းအနေနဲ့ နောက်ဆုံးမှာ အသက်ဘဲပြန်ရှင်လာမလား။စွမ်းအင်အသုံးလွန်ပြီး နတ်ရုပ်ဆိုးဘဲဖြစ်သွားမလား။ဖားကလိုက်ကရော ပြန်လည်မွေးဖွားလာနိုင်မလား။လူ့ပြည်မှာမဆုံစည်းနိုင်ခဲ့ကြတဲ့ သူတိုနှစ်ဦးရဲ့အချစ်ကရော ဆုံစည်းနိုင်ကြမလား။ Ghost Rookie Movie ကတော့ သာမန်သရဲကားတွေနဲ့မတူဘဲ ဟာသဆန်ဆန် အရမ်းလဲမပေါတဲ့ ဟာသသရဲကားလေးတစ်ကားပါ။ Application တွေ Point တွေနဲ့ Next level ဖြစ်နေပေမယ့် ကုသိုလ်လုပ်ရခြင်းရဲ့ အကျိုးကျေးဇူးကို တစ်ထောင့်တစ်နေရာကနေ နားလည်သဘောပေါက်ကြနိုင်လိမ့်မယ်လိုတော့ မျှော်လင့်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း