ဇာတ်ကားများ ရွေးရန်

Hoon Payon

2023ဇာတ်ကားWeb-dl 1080p

တစ်နေ့ ထဖရုံဆိုတဲ့ ရွာလေးတစ်ရွာကို ကောင်လေးတစ်ယောက်ရောက်လာပါတယ်။ သူ့နာမည်ကထမ် ။ ထမ်ဟာ ဒီရွာကိုအကြောင်းမဲ့လာတာတော့မဟုတ်ပါဘူး ဘုန်းဘုန်းဝတ်နေတဲ့ အစ်ကိုဖြစ်သူထံကို မိဘတွေဆုံးပါးသွားပြီဆိုတဲ့အကြောင်း အသိလာပေးတာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ ရွာမှာအစ်ကိုဖြစ်သူကိုရှာမတွေ့တဲ့အပြင် ဆရာတော်တစ်ပါးကိုသတ်ပြီးထွက်ပြေးနေတယ်လိုပါသိလိုက်ရတယ်။ ကိုယ်ကျင့်သီလကိုထိန်းသိမ်းစောင့်ရှောက်တဲ့အစ်ကိုဖြစ်သူကို အသေအချာသိနေတဲ့ထမ်မှာ အစ်ကိုဖြစ်သူကိုရှာဖွေဖို ဘုန်းကြီးကျောင်းမှာပဲ စခန်းနားပါတော့တယ်။ ဒီရွာထဲမှာတော့ လူတွေသိပ်အယုံအကြည်ပြင်းပြနေတဲ့ ဖော့ပူဆိုတဲ့နတ်ရုပ်တုတစ်ခုလဲရှိပါတယ်။ ဖော့ပူကိုမစော်ကားရဘူး။ဖော့်ပူအပြစ်ဒဏ်ခတ်မယ်။ဖော့ပူကိုရိုသေပါ ဆိုတဲ့ အစွန်းရောက်ယုံကြည်မှုတွေလည်းရှိနေပါသေးတယ်။ ဘန်ကောက်ကလာတဲ့ထမ်မှာတော့ ဒီအရာတွေကိုမယုံဘဲ အစ်ကိုဖြစ်သူကိုရှာဖွေဖိုစုံစမ်းရင်း ယင်းနတ်ရုက်တုနဲ့အဆက်အစပ်ရှိနေတာကို သိရှိသွားပါတော့တယ်။ ဒါ့အပြင်ရွာမှာလည်း လူသေမှုတွေဖြစ်နေပေမယ့် ဖော့ပူဒဏ်ခတ်တယ်လိုပဲ ယူဆကြပြီး နှုတ်ဆိတ်နေနေခဲ့ကြပါတယ်။ မမြင်အပ်မြင်အပ် မမြင်နိုင်ပေမယ့်ရှိနေတယ် မယုံကြည်ရင်မစော်ကားသင့်ဘူး ထမ်တစ်ယောက်လူ့ဘောင်အရပ်ကနေကျော်လွန်တဲ့ ဘုံလောကသားတစ်မျိုးနဲ့ဆိုက်ဆိုက်မြိုက်မြိုက်တိုးပါတော့တယ်။ ဒါဆို ထမ့်အစ်ကိုတစ်ယောက်တကယ်ဘဲဘယ်ရောက်သွားသလဲ သူ့အစ်ကိုကိုပြန်ရောရှာတွေ့နိုင်မလား ရွာထဲကလူသတ်မှုတွေကရော တကယ်ဘဲ ပရလောကနဲ့ဆိုင်လေသလား ဘယ်သူ့ပ‌ယောဂကြောင့်လဲ ဆိုတာ Hoon Payon 2023 ထဲမှာအဖြေရှာဖွေလိုရပါပြီ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း