ဇာတ်ကားများ ရွေးရန်

One Day

2016ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားကတော့ အရိုတစ်လိုင်းတွေအတွက်မစိမ်းတဲ့ 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ One Day ဆိုတဲ့ ထိုင်းကားလေးပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ ပုံပန်းသွင်ပြင်ထက် စိတ်လှဖို့သာ အဓိကလို့ပြောကြာတာကိုကြားဖူးကြာမှာပေါ့ ။ One Day ထဲမှာလေ ဒန်ချိုင်ဆိုတဲ့ကောင်‌လေးက သာမာန်ခေတ်အမျိုးသားတွေလိုမဟုတ်ဘဲ ရိုး‌ရိုးအေးအေး မပြင်မဆင်ပဲ ကွန်ပျူတာတစ်လုံးနဲ့သာ အချိန်ကုန်နေတတ်သူဖြစ်ပါတယ်။ အရှိကိုအရှိတိုင်းပြောတတ်တဲ့သူကြောင့် ရုံးကဝန်ထမ်းအချင်းချင်းကပင် သူ့ကိုသိပ်ပြီးအရေးမစိုက်ကြ။ ဒါကြောင့်လည်းသူ့ကိုယ်သူကိုယ်ပျောက်လူသားဆိုပြီးခိုင်းနှိုင်းလေ့ရှိပါတယ်။ ကွန်ပျူတာနဲ့ဘဲအဖော်ဖြစ်ခဲ့တဲ့ သူဟာ တစ်နေ့မှာ နွီးဆိုတဲ့ ဝန်ထမ်းမလေးတစ်ယောက်ကိုချစ်မိသွားပါ‌တော့တယ် ။ နွီးဆိုတာကတော့ ချောပေ့လှပေ့ပေမယ့် ဇနီးရှိပြီးသူဌေးနဲ့ရှုပ်နေခဲ့ပါတယ်။ သူဌေးရဲ့သူ့ဇနီးအပေါ်ကွာရှင်းမည်ဆိုတာကိုယုံကိုးပြီးနွီးလည်းအချစ်နွံထဲနစ် အနစ်နာတွေစွတ်ခံနေတာ‌ပေါ့။ မေတ္တာရှင်ကောင်လေးဒန်ကတော့ သူ့ခရက်ရှ်လေးကိုမမုန်းရက်နိုင်ဘဲ အရိပ်တကြည့်ကြည့်စောင့်ကြည့်နေတုန်းပါ။ တစ်နေ့ကုမ္ပဏီခရီးစဉ်အဖြစ်ဂျပန်ကိုအလည်အပတ်သွားခဲ့တဲ့အခါမှာတော့ မတော်တဆမှုတစ်ခုကြောင့် နွီးမှာဆေးရုံတက်ခဲ့ရပါတယ်။ သို့ပေမယ့် ဝန်ထမ်းတွေကတော့ နွီးမတော်တဆဖြစ်ခဲ့တယ်လို့မသိဘဲ ဂျပန်မှာဆက်နေအုံးမယ်ဆိုတဲ့ နွီးစကားကြောင့်ထိုင်းကိုအရင်ပြန်လာခဲံကြပါတယ်။ အဲ့ီဒ့အချိန်မှာမပြန်လာခဲ့တဲ့သူတစ်ယောက်ကတော့ ဒန်ချိုင်ပါ။ နွိးမတော်တဆဖြစ်ပြီး တစ်ရက်သာအတွက်အတိတ်မေ့သွားခဲ့ပြီး နွီး'ပြန်နိုးလာချိန်မှာတော့ ဒန်ချိုင်ဟာ သူဟာနွီးရဲ့ချစ်သူပါဆိုပြီးလိမ်လည်ခဲ့မိပါတယ်။ ဒန်ချိုင်ရဲ့လိမ်လည်မှုကဘယ်အထိခံနိုင်မလဲ ။ နွီးကရော အတိတ်ကိုပြန်မှတ်မိမလား ။ ပျော်ရွှင်စရာအဆုံးသတ်လေးရောရကြမလား။ One day ဇာတ်ကားကိုကြည့်ပြီးရင်တော့ သနားရမလား မသနားရဘူးလားဖြစ်မိမှာတော့အမှန်ပါ။ ဘယ်သူတွေကမှန်နေသလဲ ။ ဘယ်သူကမှားနေသလဲ ဆိုတဲ့ သို့လောသို့လောစိတ်ခံစားမှုတွေပေးနိုင်မှာတော့အမှန်ပါ။ 2016ခုနှစ်ထွက် Movie ပေမယ့်2024ခုနှစ်အတွက်ကြည့်လို့ကောင်းစမြဲပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း