Doi Boy
ဒီတစ်ခါမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ လူ့အဖွဲ့အစည်းထဲက လူတွေသိပ်မသိသေးတဲ့ အမှောင်ဘက်ခြမ်းကို မီးမောင်းထိုးပြမယ့် ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားနာမည်က Doi Boy Club တဲ့။ Doi Boy ဆိုတာ ယောကျာ်းပြည့်တန်ဆာ လို့ဆိုလိုတာပဲဖြစ်ပါတယ်။ လောကကြီးထဲမှာ ရှင်သန်ဖို့ခက်ခဲလာတဲ့အခါ၊ ပိုကောင်းတဲ့ဘဝကို လိုချင်ကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဟိုးအောက်ဆုံးထိရောက်အောင် အနစ်နာခံလေ့ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ စော်န်ဆိုတဲ့ ရှမ်းစစ်သားတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်။ ရှမ်း-ဗမာ တိုက်ပွဲတွေကြောင့် ပိုကောင်းမွန်တဲ့ဘဝကို ရချင်လို့ ထိုင်းနိုင်ငံချင်းမိုင်ဘက်ကို ခက်ခက်ခဲခဲထွက်ပြေးလာသူတစ်ယောက်ပါ။ မှတ်ပုံတင်မရှိ၊ပတ်စ်ပို့မရှိတာကြောင့် ကြုံရာအလုပ်ကိုလုပ်ရင်း နောက်ဆုံးမှာ ယောကျာ်းပြည့်တန်ဆာဖြစ်လာခဲ့ပါတယ်။ စော်န်ရဲ့ဖောက်သည်ကတော့ ချင်းမိုင်မြို့ရဲ့ရဲတစ်ယောက်ဖြစ်တဲ့ ကျီလို့ခေါ်သူပါ။ မိန်းမနဲ့ကလေးရှိပြီး ညဆို စော်န်ဆီမှာလာသာယာတတ်သူလဲဖြစ်ပါသေးတယ်။ နေ့ဘက်မှာ သူဟာ ရဲသားတစ်ယောက်ပေမယ့် ညဘက်မှာတော့ နိုင်ငံရေးလှုပ်ရှားသူတွေကို တိတ်တဆိတ်ရှင်းလင်းတတ်သူလဲဖြစ်ပါတယ်။ ဇာတ်လမ်းက အေးတယ်၊ငြိမ်တယ်၊လှုပ်လှုပ်ရှားရှားသိပ်မရှိဘူး၊ ဒါပေမယ့် ကြည့်ကြည့်ပါ။ ထိုင်းနိုင်ငံတွင်းတရားမဝင်ဝင်ရောက်လာသူတွေရဲ့ဘဝ၊ လိင်လုပ်သားတွေရဲ့ဘဝ၊ နိုင်ငံရေးခံယူချက်နဲ့သူ့နောက်ကလူပျောက်ဆုံးမှုတွေ၊ စသဖြင့် အမှောင်လောကဘက်ခြမ်းကို ညိမ့်ညိမ့်ညောညောနဲ့ ရိုက်ကူးထားတာပါ။ အဘက်ဘက်ကယိုပေါက်တွေကို ဇာတ်လမ်းကြာချိန် 1နာရီခွဲအတွင်း ပေါ့ပေါ့ပါးပါး ပုံဖော်သွားတာပါ။ ကြည့်တတ်ရင် ပညာလဲအများကြီးရပါတယ်။ ကိုယ်လုံးတီးခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့တော့မသင့်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း