Senior
အခုတစ်ခါမှာတော့ 2015 ကထွက်ခဲ့တဲ့ "Senior " ဆိုတဲ့ ထိုင်းသရဲကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ မတရားအမှုဆင်သေမိန့်ချခံလိုက်ရတဲ့ နစ်နာသူဝိဉာဉ် ခြံစောင့်ကျစ် ရဲ့ အခဲမကြေမှုကို ဖော်ထုတ်ပေးမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မွန် - မယ်သီလရှင်ကျောင်း(ယခင် ဖနဝတီစံအိမ်)ရဲ့ ခပ်စပ်စပ်ကျောင်းသူတစ်ဦး၊ သူမမှာသရဲဝိဉာည်တွေကို အနံ့ခံနိုင်တဲ့ ထူးခြားတဲ့စွမ်းအားတစ်ခုရှိတယ်။ စီနီယာ - ခြံစောင့်ကျစ်ရဲ့ အမှုအတွက် မွန့်ကို အကူညီတောင်းမယ့် ဝိဉာဉ်တစ်ကောင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူဖြစ်တဲ့ မွန် နဲ့ ဝိဉာဉ်ဖြစ်တဲ့ စီနီယာ တို့ ၊ သူတို့နှစ်ယောက်က လွန်ခဲ့တဲ့နှစ်၅၀က ဖြစ်ပျက်ခဲ့တဲ့ အရှင်မင်းသမီးသေဆုံးမှု၊ အဲ့အမှုရဲ့တကယ့်တရားခံကိုရှာဖွေကြမယ့် ပုံစံဖြစ်ပါတယ်။ ဝိဉာဉ်ဖြစ်တဲ့ စီနီယာကတော့ လွန်ခဲ့တဲ့နှစ်၃၀က သေဆုံးခဲ့တာဖြစ်ပါတယ်။ ဆိုတော့ မတရားသေမိန့်ချခံရပြီး မကျွတ်မလွတ်ဖြစ်နေတဲ့ ခြံစောင့်ကျစ်ရဲ့ ဝိဉာဉ်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မလား စီနီယာကရော ခြံစောင့်ကျစ်နဲ့ ဘာပတ်သက်သလဲ၊ သူကရော ဘာကြောင့်သေသွားရသလဲ အမှုရဲ့တရားခံက တကယ်တမ်းက ဘယ်သူလဲ မွန် ကရော သူ့မစ်ရှင်ကို ပြီးဆုံးအောင်လုပ်နိုင်ပါ့မလား 2015,2016 တုန်းက တမ်းတမ်းစွဲကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ့၊ သရဲကားဆိုပေမယ့် ရိုမန့်တစ်ဆန်တာတွေလည်း ပါတဲ့အပြင် ဇာတ်သိမ်းပိုင်းမှာလည်း တစ်ရှူးဆောင်လိုက်ရပါသေးတယ်။ ယခု တစ်ခါ ဇာတ်လမ်းလေးကို Review ပေးဖို့ဖန်လာတော့ ဇာတ်အိမ်ခိုင်တဲ့ ခုထိုင်းကားလေးကို မိတ်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း