Through My Window: Looking at You
လူတွေအားလုံးမှာ မေ့လို့မရနိုင်တဲ့ ရည်စားဟောင်းတစ်ယောက်တော့ ရှိတတ်ကြတယ်** ဒီတစ်ခေါက်မှာတော့ လူငယ်အချစ်ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ အရင်ဇာတ်လမ်းမှာတုန်းက အဝေးရောက်ချစ်သူဘဝနဲ့ ကြုံခဲ့ရတဲ့ ရာကဲလ်နဲ့ အားရိစ်တို့နှစ်ယောက်ဟာ နွေရာသီအပြီးမှာတော့ ရှေ့ဆက်ဖို့ အဆင်မပြေတဲ့အတွက် လမ်းခွဲလိုက်ကြပါတယ်။ အခုဇာတ်လမ်းအစမှာတော့ သူတို့ဟာ သက်ဆိုင်သူတွေ ကိုယ်စီရှိနေကြပါတယ်။ ဒီလိုနဲ့ ဆောင်းရာသီ ခရစ္စမတ်ကျောင်းပိတ်ရက်ကို ရောက်လို့ မြို့ကိုပြန်လာတဲ့အချိန်မှာတော့ အရင်အတိုင်း ပြတင်းပေါက်လေးကို ဖြတ်ပြီး မြင်နေကြရတုန်းပါပဲ။ သက်ဆိုင်သူတွေရှိနေပေမဲ့ ပြတင်းပေါက်လေးကနေ မြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်စလုံးဟာ တစ်ယောက်ကိုတစ်ယောက် မမေ့နိုင်သေးမှန်း သိလိုက်ရပါတယ်။ ခံစားချက်တွေ မကုန်နိုင်သေးတဲ့ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကရော ဒီအတိုင်း လွမ်းရင်းဆွေးရင်းနဲ့ အဆုံးသတ်သွားတော့မှာလား... ပြတင်းပေါက်လေးကိုဖြတ်လာပြီး အသစ်တစ်ဖန် ပြန်စနိုင်ပါ့မလား... ဘယ်လိုရွေးချယ်မှုတွေလုပ်ရမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ရအောင်လား။... ⚠️ Bed Scene တွေပါတဲ့အတွက် မိသားစုနဲ့အတူ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်သူကတော့ **Max** ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း