ဇာတ်ကားများ ရွေးရန်

Usury Academy

2023ဇာတ်ကားWeb-dl 1080p

ထွက်သမျှဇာတ်ကားတိုင်းကတော်တော်ကောင်းတဲ့ကိုးရီးယားကားတွေထဲကငွေတိုးချေးစားတဲ့လူနဲ့ကျောင်းသားတွေကြားကပြဿနာတွေအကြောင်းကိုရိုက်ကူးထားတဲ့ Usury Academy ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစမှာမိဘတွေယူထားတဲ့အကြွေးတွေကြောင့်တိုင်ပတ်နေတဲ့အထက်တန်းကျောင်းသားလေးကန်ဂျင်ကိုတွေ့ရမှာဖြစ်ပြီး ငွေတိုးချေးတဲ့လူကအမြဲတမ်းသူ့အိမ်ကိုလာလေ့ရှိပါတယ်။တစ်နေ့မှာတော့ငွေတိုးချေးတဲ့လူကသူ့အိမ်မှာပိုက်ဆံကျန်ခဲ့ပါတော့တယ်။အထက်တန်းကျောင်းသားဖြစ်တဲ့ကန်ဂျင့်အတွက်အဲ့ဒီပိုက်ဆံတွေကအရမ်းများနေတဲ့အတွက်မပေးပဲသိမ်းထားရာကနေကျောင်းကသူငယ်ချင်းတစ်ယောက်ကအဲ့ဒီပိုက်ဆံတွေကိုမသွားလို့ကန်ဂျင်တစ်ယောက်တိုင်ပတ်နေပါတော့တယ်။ ကံကောင်းစွာနဲ့အဲ့ဒီပိုက်ဆံတွေကိုပြန်ဆပ်ပေးဖို့အတွက်ငွေတိုးချေးတဲ့လူကကန်ဂျင်ကိုကျောင်းမှာငွေတိုးချေးတဲ့အလုပ်လုပ်ဖို့ခိုင်းခဲ့ပါတော့တယ်။အဲ့ဒီကနေစပြီးကန်ဂျင်အတွက်ပိုက်ဆံတွေလွယ်လွယ်ကူကူရလာပြီးလူမိုက်တွေအားကိုးနဲ့ကျောင်းမှာလဲဆရာကြီးဖြစ်လာပါတော့တယ်။တစ်ချိန်ကအမြဲတမ်းအနိုင်ကျင့်ခံခဲ့ရတဲ့ကန်ဂျင်တစ်ယောက်ဒီအလုပ်လုပ်ခဲ့ပြီးတဲ့နောက်မှာလေးစားမှုတွေနဲ့အာဏာကိုရလာတဲ့အတွက်ဘ၀ကြီးကလဲသာယာနေပါတော့တယ်။ဒါပေမယ့်အဲ့ဒီသာယာမှုကရေရှည်မခံပဲကိုယ်ပြုတဲ့ကံကိုယ့်ထံပြန်လည်လာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း