ဇာတ်ကားများ ရွေးရန်

Aftermath

2024ဇာတ်ကားအမှတ် 6/10Web-dl 1080p

အခုခေတ်ကြီးမှာဆေးပညာတွေတိုးတက်လာတာနဲ့အမျှဆေးပညာနဲ့ပတ်သတ်ပြီးစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်ကားတွေလဲရိုက်ကူးလာကြပါတယ်။ဒီ Aftermath ဆိုတဲ့ရုပ်ရှင်ကားထဲမှာလဲ နောက်ဆက်တွဲပရောဂျက် လို့ခေါ်တဲ့အာရုံကြောနဲ့သက်ဆိုင်တဲ့ခေတ်လွန်ဆေးပညာတစ်ခုကိုအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်းကိုအင်တာဗျူးလုပ်ထားတာနဲ့အစပြုထားပါတယ်။ အဲ့ဒီနောက်မှာပဲ ကိတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကကားမောင်းနေရာကနေတောကြီးမျက်မည်းထဲရောက်သွားပြီးသူဘယ်ကိုရောက်နေတယ် ဘယ်လိုရောက်နေတယ်ဆိုတာတွေအပြင်တခြားဘာမှတ်ဉာဏ်မှမရှိတော့ပဲယောင်ချာချာဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူတစ်စုရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပေမဲ့ကယ်မဲ့သူရှိတဲ့အတွက်အသက်ချမ်းသာရာရသွားခဲ့ပါတော့တယ်။ဒီလိုနဲ့သူနဲ့သူ့ကိုကယ်တင်ပေးခဲ့တဲ့လူကဘ၀တူတွေဖြစ်နေမှန်းသိသွားခဲ့ကြပြီး ဘာလို့ဒီလိုတွေဖြစ်နေရတယ်ဆိုတာကိုအတူတူအဖြေရှာကြရာကနေ နောက်ဆက်တွဲပရောဂျက်နဲ့ဘယ်လိုတွေသက်ဆိုင်နေတယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုရင်ဖိုစိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း