ဇာတ်ကားများ ရွေးရန်

Mondo

2023ဇာတ်ကားအမှတ် 7/10Web-dl 1080p

အခုခေတ် အိုင်တီစွန့်ဦးတီထွင်ပညာရှင်တွေက ပြောကြတယ်။ ခေတ်ကြီးဟာ ပိုပြီးအဆင့်မြင့်လာလေ လူသားတွေရဲ့ အင်အားသုံးရနိုင်ချေဟာ နည်းလာပြီး လူသားတွေအတွက် အချိန်ပိုတွေပိုပြီး ဖန်တီးပေးတာမို ဒါဟာ ကောင်းတယ်လိုဆိုကြတယ်။ ယခုခေတ်အိုင်တီနည်းပညာတွေဟာ ကြောက်ခမန်းလိလိကို တိုးတက်ပြောင်းလဲနေပါတယ်။ ဒီနေ့တက်ဆက်ပေးမယ့် ဇာတ်လမ်းလေးကလဲ အနာဂတ်လက်တစ်ကမ်းမှာ ဖြစ်လာတော့မယ့် AI နည်းပညာ နဲ့ လူသားစွမ်းအင် တိုရဲ့ကြားက အားပြိုင်မှုအကြောင်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ကတော့ YouTube ဖော်လိုဝါ 3သိန်းရှိတဲ့ ယိဝါ ဖြစ်ပါတယ်။ ယိဝါဟာ AI Bot ဖြစ်တဲ့ May-Bot ရဲ့ အကူအညီနဲ့ ဖော်လိုဝါ တစ်သန်းရခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ယိဝါဟာ သူ့ရဲ့ဆုံးဖြတ်ချက်တွေအကုန်လုံးကို May-Bot ကိုပဲ ‌ဆုံးဖြတ်ခိုင်းလေ့ရှိပါတော့တယ်။ AI ဖြစ်တဲ့ May-Bot ရဲ့ ဆုံးဖြတ်ချက်တွေမှာ‌ အထိခိုက်ခံရဆုံးသူကတော့ ယိဝါရဲ့ ချစ်သူ ဒုမ်ပဲဖြစ်ပါတယ်။ ဒုမ်ကတော့ ယိဝါလိုမျိုး အိပ်မက်ကြီးကြီးမားမားမရှိပဲ ယိဝါနဲ့လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ မိသားစုတစ်ခုကိုသာ ဖန်တီးချင်နေသူပါ။ ယိဝါရဲ့ဘဝထဲမှာ May-Bot ရောက်လာပြီးနောက်ပိုင်းမှာတော့ သူတိုနှစ်ယောက်ရဲ့အချစ်ရေးဟာ တဖြည်းဖြည်းခက်ခဲလာပါတော့တယ်။ ဒုမ်နဲ့အချစ်‌‌ေရးဟာ အနာဂတ်အတွက် အဟန့်အတားဖြစ်တယ်ဆိုတဲ့ May-Bot ဆုံးဖြတ်ချက်ကြောင့် ယိဝါလည်း အချစ်ရေးထက် အောင်မြင်ရေးနောက်ကိုသာ လိုက်ခဲ့ပါတယ်။ တကယ်လည်း ယိဝါဟာ နောက်ဆုံးမှာ လိုချင်တဲ့ အောင်မြင်မှုကိုရခဲ့ပါတယ်။ သိုပေမယ့် AI တွေဆိုတာ လူတွေက ဖန်တီးထားတာဖြစ်ပြီး လူတွေလို အချိန်အခါအရ ဆုံးဖြတ်န်ုင်စွမ်းမရှိပါဘူး။ ယိဝါကို အထီးကျန်စေတဲ့ May-Bot ရဲ့ ဆုံးဖြတ်ချက်တွေကို ယိဝါ လွန်ဆန်နိုင်မလား။ AI ရဲ့ခေါ်ဆောင်ရာနောက်ကို ယိဝါလိုက်ပါသွားလေမလား။ ယိဝါရဲ့အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်ကြမလဲ။ ခေတ်သစ်နည်းပညာတွေအပေါ်အခြေခံထားပြီး နည်းပညာတွေရဲ့ အန္တရာယ်၊နည်းပညာတွေရဲ့ ပရိယာယ်တွေ၊ နည်းပညာကြောင့် လူသားတွေရဲ့ ဘဝကို ဘယ်လို အကျိုးအပြစ်တွေ ဖြစ်လာနိုင်စေလဲ၊ လူသားတွေရဲ့ နည်းပညာအသုံးချပုံတွေကိုတော့ ဒီဇာတ်လမ်းထဲမှာမြင်‌နိုင်မှာပဲဖြစ်ပါတယ်။ အော်မေ့လို ဇာတ်လမ်းနာမည်ဖြစ်တဲ့ Mondo(မွန်ဒို) ဆိုတာကတော့ Metaverse ရဲ့ Update Version ဖြစ်တဲ့ မွန်ဒိုဖြစ်ပါတယ်။ မွန်ဒိုက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ပေးကြပါအုံးနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း