The Bloody Hundredth
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလမှာ တိုင်းပြည်အတွက် အသက်ကိုရင်းပြီး အစွမ်းကုန်တိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်လေတပ်၊ အမှတ်-၁၀၀ လေကြောင်းတပ်ခွဲအကြောင်း ဂုဏ်ပြုမှတ်တမ်းရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဟစ်တလာရဲ့ကျူးကျော်မှုကြောင့် နိုင်ငံအားလုံး ဒုက္ခ ပင်လယ်ဝေနေတဲ့အချိန်မှာ အမေရိကန်လေတပ်က အမှတ်-၁၀၀ လေကြောင်းတပ်ခွဲအတွက် လေယာဉ်မှူးတွေခေါ်ယူခဲ့ပါတယ်။ လေ့ကျင့်ရေးအချိန်တိုတောင်းပြီး တိုက်ပွဲအတွေ့အကြုံ ဘာမှမရှိသေးတဲ့ လေယာဉ်မှူးတွေဟာ လေ့ကျင့်ရေးရော တိုက်ပွဲအတွေ့အကြုံပါရင့်ကျက်နေတဲ့ ဂျာမန်လေတပ်နဲ့ ရင်ဆိုင်ရပေမယ့် မလျော့သောဇွဲလုံ့လနဲ့ ရဲစွမ်းသတ္တိတွေကြောင့် လေကြောင်းတိုက်ခိုက်ရေးမစ်ရှင်တိုင်းဟာ အောင်မြင်ခဲ့ပေမဲ့ ဆုံးရှုံးမှုတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဇာတ်လမ်းကို လေယာဉ်မှူးတွေနဲ့ အင်တာဗျူးအမေးအဖြေပုံစံမျိုး တင်ဆက်ထားပြီး ဒုတိယကမ္ဘာစစ်အတွင်း သူတို့ကြုံတွေခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်တွေကို မြင်တွေ့ရမှာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း