Man Suang
19ရာစု ယိုးဒယားနိုင်ငံရဲ့ ရာမနန်းနှစ်မကုန်ဆုံးမီ တိုင်းပြည်အတွင်း အာဏာရလိုတဲ့ ပါတီအသီးသီးပေါ်ပေါက်ခဲ့တယ်။ ပါတီတိုင်းက မိမိတို့ရဲ့ မင်းသားကို နောင်တက်မယ့် ဘုရင်အဖြစ်တင်မြောက်စေချင်ကြတယ်။ တိုင်းရေးပြည်ရေး ရှုပ်ထွေးမှုကို အကြောင်းပြပြီး နိုင်ငံတော်အတွင်း ပုံကန်မှူ ပြုလုပ်ရန် ကြံရွယ်နေသူများလည်းရှိပါတယ်။ ခမ် - ထိုင်းရိုးရာအက ကချေသည်တစ်ယောက်၊ လူသတ်မှုတစ်ခုမှာ အထင်လွဲခံရကာ အဖမ်းခံရပြီးနောက် အလဲအလှယ်အနေနဲ့ ပုန်ကန်မှုတစ်ခုကိုဖော်ထုတ်ရန် အမိန့်ပေးခြင်းခံခဲ့ရပါတယ်။ စုံစမ်းဖို့ သူ့ကိုလွှတ်လိုက်တာက ကဇာတ်ရုံတစ်ခုသို့ ချက် - ဘိုးဘွားပိုင်ရတနာမြေပုံကို ရှာမယ်ဆိုပြီး ကဇာတ်ရုံကိုစုံစမ်းဖို့ရောက်လာတဲ့ ချက်၊ ဝမ် - ခမ်နှင့်အတူ လူသတ်မှုမှာ အထက်လွဲခံရပြီး ကဇာတ်ရုံကို စေလွှတ်ခြင်းခံခဲ့ရသူ သူတို့အချင်းချင်း လာဆုံကြတဲ့နေရာကတော့ "မန်ဆုန်" ကဇာတ်ရုံပဲဖြစ်ပါတယ်။ မန်ဆုန်ဟာ သာမန်ကဇာတ်ရုံတစ်ခုမဟြတ်ခဲ့ပါဘူး မန်ဆုန်မှာ သွေးကွဲမှုတွေရှိနေပါတယ်။ မန်ဆုန်မှာ သူပုန်တွေပုံးအောင်းနေပြီး မန်ဆုန်မှာ ပုန်ကန်မှုလုပ်ဖို့ လက်နက်သိုက်ကြီးလည်းရှိပါတယ်။ မန်ဆုန်မှာ ထင်မထားတဲ့ လူမျိုးစုအရှုပ်အထွေးတွေလည်းရှိပါတယ်။ ခမ်၊ချက်နဲ့ဝမ်တို့ဟာ မန်ဆုန်အတွင်းက ပုန်ကန်မှု၊တနည်းကို ပဋိပက္ခတွေကို ဖြေရှင်းဖို့ရောက်လာခဲ့ကြပါတယ်။ အဆုံးသတ်မှာ ဒီပြဿနာတွေကို ကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်ရဲ့လားဆိုတာကိုတော့ ဇာတ်ကားထဲမှာကြည့်ပေးဖို့ပြောပါရစေ။ စိတ်ကူးယဉ်သမိုင်းရာဇဝင် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ကင်မရာအလင်းအမှောင်၊သရုပ်ဆောင်မှု၊ အပြင်အဆင်တွေက ခမ်းနားလှပါတယ်။ တနည်း ကချေသည်တစ်ယောက်ရဲ့ ဝတ်စုံဟာဆိုရင် ကြည့်ရင်ကြည့်သလောက် အနုစိတ်ဖန်တီးထားပြီး ဇာတ်ကားထဲက ကချေသည်းအများအပြားကိုလည်း Professional ရိုးရာကချေသည်များကို သုံးထားကြောင်းလည်းသိရပါတယ်။ ရိုးရာထိုင်းအကအနုပညာကို တစ်ဝကြီးခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း