On Fire
ရန်သူမျိုးငါးပါးထဲမှာမီးဘေးအန္တရာယ်ကလဲကြောက်ဖို့အကောင်းဆုံးထဲမှာပါပါတယ်။တခြားဘေးအန္တရာယ်တွေတောင်မှအဖတ်ဆည်နိုင်တဲ့အနေအထားမှာရှိနေသေးပေမဲ့မီးလောင်ပြီဆိုရင်တော့ဘာမှမကျန်တော့အောင်ပြာကျတဲ့အပြင်အသက်ဆုံးရှုံးသည်အထိပါဖြစ်တတ်ပါတယ်။မီးလောင်တဲ့အကြောင်းအရင်းများစွာရှိပေမဲ့ဖြစ်လာပြီဆိုရင်တောမီးကတော့အဆိုးဆုံးပဲဖြစ်ပါတယ်။တောမီးတစ်ခါတစ်ခါလောင်ရင်နေရာအများကြီးအထိပြန့်နှံ့တတ်ပြီးတော်ရုံတန်ရုံနဲ့လဲထိန်းလို့မရနိုင်ပါဘူး။အခုတင်ဆက်ပေးမဲ့ IMDb Rating 5.8 ရရှိထားတဲ့ On Fire ဆိုတဲ့ဇာတ်ကားထဲမှာလဲတောမီးကဘယ်လောက်ကြောက်စရာကောင်းကြောင်းကို Survival ပုံစံနဲ့ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒေ့ဗ်တို့မိသားစုကကိုလ်ဘတ်လို့ခေါ်တဲ့သစ်တောတွေနဲ့ဝိုင်းနေတဲ့နေရာလေးတစ်ခုမှာနေထိုင်နေတာဖြစ်ပြီး တစ်နေ့မှာတော့သူတို့ဆီမှာတောမီးထလောင်ခဲ့ပါတော့တယ်။ ဒါပေမယ့်တောမီးလုံခြုံရေးစောင့်ကြည့်တဲ့အဖွဲ့တွေရဲ့အမှားတစ်ခုကြောင့်အဲ့ဒီတောမီးကိုစောစောစီးစီးမထိန်းသိမ်းနိုင်ခဲ့ပဲနဲ့နောက်ပိုင်းမှာပိုဆိုးပြီးဧက ၁၀၀ ကျော်အထိဝါးမြိုလာပါတော့တယ်။စစချင်းမှာတော့ဒေ့ဗ်တို့မိသားစုကအိမ်ကိုချစ်တဲ့အတွက်ဒီအိမ်မှာပဲပြင်ဆင်ပြီးတောင့်ခံထားဖို့ဆုံးဖြတ်ထားခဲ့ပေမဲ့ မီးကအရမ်းပြင်းလာတဲ့အခါမှာတော့အသက်ဘေးကနေလွတ်မြောက်နိုင်ဖို့မီးတွေတောက်လောင်နေတဲ့တောနက်ကြီးထဲကထွက်ပြေးဖို့ကြိုးစားကြပုံတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း