ဇာတ်ကားများ ရွေးရန်

Prey

2024ဇာတ်ကားWeb-dl 1080p

အာဖရိကတိုက်ရဲ့ ခြောက်သွေ့တဲ့ လွင်တီးခေါင်ဒေသမှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ သားကောင်ဖြစ်သွားတဲ့ လူတစ်စုအကြောင်း Action, Thriller အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ အန်ဒရူးနဲ့ဆူးတို့က အာဖရိက ကန္တာရဒေသ‌မှာ သာသနာပြုဖို့ လာတဲ့ အမေရိကန်စုံတွဲပါ။ အန်ဒရူးက ဆရာဝန်လည်းဖြစ်ပြီး ဒေသက ကလေးတွေကို ရှိတာနဲ့ တတ်စွမ်းသလောက်ကုသပေးပါတယ်။ ဒါမဲ့ အဲ့ဒေသရဲ့ အကြမ်းအဖက်အဖွဲ့အစည်း အန္တရာယ်ကြောင့် အမေရိကန်ကိုပြန်ဖို့ ဖြစ်လာပါတယ်။ သူတို့စုံတွဲနဲ့အတူ အခြားသူအချို့က အသေးစားလေယာဉ်နဲ့ ပြန်လာရင်း လမ်းမှာ လေယာဉ်ပျက်ကျသွားပါတယ်။ တစ်ပူပေါ်နှစ်ပူဆင့်ပြီး သူတို့ပျက်ကျတဲ့နေရာက ရက်စက်ကြမ်းကြုတ်တဲ့ တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိန်းထားတဲ့မြေ ဖြစ်နေပါတယ်။ ညမှောင်လေ အန္တရာများလေမို့ အကူအညီတောင်းဖို့ စထွက်လာကြပါတယ်။ အန်ဒရူးကတော့ ဇနီးသည် ဒဏ်ရာရထားတာကြောင့် အတူနေခဲ့ပါတယ်။ ဒါပေမဲ့ ခြင်္သေ့အုပ်တွေရောက်လာပြီး ဆူးကို ချီသွားကြပါတယ်။ တစ်ဖက်ကလူစုကလည်း လမ်းမှားပြီး ပျက်ကျတဲ့နေရာပြန်ရောက်လာပါတယ်။ ဒီလိုနဲ့ အန္တရာယ်ဇုန်ထဲမှာ သူတို့လူစု အသက်ရှင်ကျန်ပါဦးမလား...ဘယ်လို ဘေးဒုက္ခတွေ ကြုံရဦးမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါ။ အာဖရိကမှာ တိရစ္ဆာန်အစိတ်အပိုင်းတွေ ခိုးရောင်းဝယ်တာတွေနဲ့ သယ်ပို့တာတွေနဲ့ အဓိကကျတဲ့ ဆေးဝါးပစ္စည်းတွေကို အလေးထားမသယ်လို့ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတာတွေကိုပါ မီးမောင်းထိုးပြထားပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း