ဇာတ်ကားများ ရွေးရန်

The Lost Lotteries

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2022 ခုနှစ်ထွက် "The Lost Lottery" ဆိုတဲ့ Thai အက်ရှင်ဟာသကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်း ပျောက်ဆုံးသွားတဲ့ ထီလက်မှတ်ကို လိုက်လံရှာဖွေကြမှာပါ။ တေး - ဆင်းဆင်းရဲရဲမွေးဖွေးလာပြီး ဘဝမှာ ပထမဆုထီကြီးတစ်ခါလောက်ပေါက်ပြီး ချမ်းသာသွားချင်သူပါ။ အမေဖြစ်သူနဲ့ ထီဗန်းလေးကိုင်ပြီး ထီလှည့်လည်ရောင်းချသူလဲဖြစ်ပါတယ်။ အစ်ကိုဝမ် - အောင်မြင်ကျော်ကြားတဲ့ ‌‌ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ချင်နေပေမယ့် သူရတဲ့ဇာတ်ဝင်ခန်းကတော့ညသေနတ်ပစ်သတ်ခံရတဲ့ ဇာတ်ဝင်ခန်းတွေပါပဲ။ အစ်ကိုကွန်း - လက်ဝှေ့ထိုးပွဲမှာ နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပြီး တစ်သက်လုံးရှုံးနိမ့်သွားသူ။ ဘဝမှာ တတိယအကြိမ် ပြန်လည်အောင်မြင်တာကို လိုချင်နေသူပါ။ အစ်မစို - ကိုရီးယားမှာ ရင်သားခွဲစိတ်ဖို့ ဆိုင်းပြင်းနေသူပါ။ ရင်သားကြီးကြီးတွေက အလုပ်ကောင်းကောင်းပိုရစေမယ်လို့ ထင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဘိ - အဖေ့ရဲ့မတော်တဆမှုမှာ ရှေ့နေကောင်းကောင်းတစ်ယောက်ငှားပြီး တစ်ဖက်ကို အရေးယူနိုင်ဖို့အတွက် ငွေလိုအပ်နေသူလည်းဖြစ်ပါတယ်။ တနေ့မှာ အစ်ကိုဝမ်၊အစ်ကိုကွန်း၊အစ်မစိုနဲ့ ဘိတို့ဟာ တေးဆီကနေ ထီလက်မှတ်ဝယ်ယူထားခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ သူတို့ဝယ်ထားတဲ့ လက်မှတ် 5 စောင်တွဲဟာ ပထမဆုထ‌ီကြီးဖြစ်နေပါတယ်။ ကံဆိုးစွာနဲ့ပဲ ဒီထီလက်မှတ်ဟာ တေးရဲ့အကြွေးရှင်တွေ သိမ်းသွားတဲ့ ထီအိတ်ထဲပါသွားပါတော့တယ်။ ဒါကြောင့် သူတို့5ယောက်ဟာ ချမ်းသာဖို့အိပ်မက်နဲ့နီးနေပြီဖြစ်တဲ့ ဘတ်ငွေ၆သန်းတန် ထ‌ီလက်မှတ်ကို အရပြန်ယူဖို့ အစီအစဉ်ဆွဲကြပါတယ်။ သူတို့ပြန်ယူကြရမယ့် နေရာက မာဖီးယားဂိုဏ်းတစ်ခုရဲ့ လောင်းကစားရုံမှာ ဖြစ်တာကြောင့် ဒီပွဲကို အသတ်နဲ့ရင်းပြီး ကစားကြရမှာပါ။ ကဲဒါဆို နောက်ဆုံးမှာ သူတို့5ယောက်ဟာ - ထီလက်မှတ်ကို ပြန်ရယူနိုင်ကြမလား - သူတို့ရဲ့ အိပ်မက်တွေရော တကယ်ဖြစ်လာမလား ဆိုတာ "The Lost Lottery" ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါအုံးနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့‌ Zun Hnin ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း